တစ်လကို ၄ မြို့နယ်အထိ စစ်ဆေးသွားမှာပါ။

အခုနှစ်အတွင်းမှာ ရန်ကုန်တိုင်းအတွင်း တစ်လကို ၄ မြို့နယ်အထိ သောက်ရေသန့်လုပ်ငန်းတွေကို ရှောင်တခင် ကွင်းဆင်းစစ်ဆေးသွားမယ်လို့ ရန်ကုန်တိုင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနခွဲကနေ သတင်းထုတ်ပြန်ပါတယ်။

Photo- YGN FDA



အစားအသောက် ထုတ်လုပ်ထောက်ခံချက်ရရှိထားတဲ့ သောက်ရေသန့်လုပ်ငန်းတွေကို ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ရာ သောက်ရေသန့်လုပ်ငန်းအချို့က ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ် (GMP) နဲ့ အညီ ပြန်လည်ပြုပြင်ဖို့၊ ပြုပြင်ဆောင်ရွက်နေတဲ့ ကာလအတွင်း ဖြန့်ဖြူးထုတ်လုပ်ရောင်းချခြင်းမပြုဖို့ ညွန်ကြားထားတယ်လို့လည်း သိရပါတယ်။

ရန်ကုန် FDA ဌာနအနေနဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှစပြီး ရန်ကုန်တိုင်းအတွင်းမှာ အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက်ရရှိထားတဲ့ သောက်ရေသန့်လုပ်ငန်းတွေကို ရှောင်တခင် ကွင်းဆင်းစစ်ဆေးမှုတွေ လုပ်ခဲ့တာလည်းဖြစ်ပါတယ်။

Photo- YGN FDA

သန်လျင်မြို့နယ်၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ရွှေပြည်သာမြို့နယ် တောင်ဥက္ကလာပမြို့နယ်နဲ့ အလုံမြို့နယ်တို့မှာ စစ်ဆေးခဲ့ရာ သောက်ရေသန့်လုပ်ငန်းအချို့ဟာ ကောင်းမွန်သောထုတ်လုပ်မှုကျင့်စဉ် (GMP) နဲ့ ကိုက်ညီမှုမရှိတာကြောင့် အကြီးစားပြုပြင်ဖို့နဲ့ ယာယီရပ်ဆိုင်းပိတ်သိမ်း အရေးယူဖို့ကို ညွှန်ကြားခဲ့ပါတယ်။

လိုက်နာမှုမရှိတဲ့ လုပ်ငန်းတွေကို အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက်အား ပြန်လည်ရုတ်သိမ်းသွားမည့် ခံဝန်ချက်ကို လုပ်ငန်းရှင်တွေအား လက်မှတ်ရေးထိုးစေပြီး အရေးယူမှုတွေ လုပ်ခဲ့တယ်လို့လည်းသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က