တိုင်းလွှတ်တော်တရားသူကြီး ဒေါ်စိုးခက်ခက်က တိုင်းလွှတ်တော်ဥက္ကဌ ရှေ့မှာ ကတိသစ္စာပြုခဲ့တာဖြစ်ပါတယ်။

ရန်ကုန်တိုင်းရဲ့ တရားသူကြီးအသစ်ဖြစ်သူ ဒေါ်စိုးခက်ခက်က လွှတ်တော်မှာ ဖေဖော်ဝါရီ ၇ ရက်နေ့က ကတိသစ္စာပြုခဲ့ပါတယ်။

(တရားသူကြီးဒေါ်စိုးခက်ခက်)

လစ်လပ်နေတဲ့ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးနေရာမှာ အစားထိုးခန့်အပ်ခဲ့တဲ့ ဒေါ်စိုးခက်ခက်က ဖေဖေါ်ဝါရီ ၇ ရက်နေ့မှာ တိုင်းဒေသကြီးလွှတ်တော် အဌမ ပုံမှန်အစည်းအဝေး တတိယနေ့မှာ ကတိသစ္စာပြုခဲ့တာပါ။



လက်မှတ်ရေးထိုးခြင်းကို တိုင်းဒေသကြီးပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ (၅၅) နဲ့ အညီ တိုင်းလွှတ်တော်တရားသူကြီး ဒေါ်စိုးခက်ခက်က တိုင်းလွှတ်တော်ဥက္ကဌရှေ့မှာ ကတိသစ္စာပြုခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးအဖြစ် တာဝန်ယူမယ့် ဒေါ်စိုးခက်ခက်က တရားရေးဝန်ထမ်းအဖြစ် (၄)ကြိမ်၊ တွဲဖက်မြို့နယ်တရားသူကြီးအဖြစ် (၂) ကြိမ်၊ မြို့နယ်တရားသူကြီးအဖြစ် (၂) ကြိမ်၊ ဒုတိယခရိုင်တရားသူကြီးအဖြစ် (၂) ကြိမ်၊ ခရိုင်တရားသူကြီးအဖြစ် (၃) ကြိမ်၊ တွဲဖက်ခရိုင်တရားသူကြီး အဖြစ် (၁) ကြိမ်၊ ပြည်နယ်တရားရေးဦးစီးမှူးအဖြစ် (၂) ကြိမ်၊ တိုင်းဒေသကြီး တရားရေး ဦးစီးမှူးအဖြစ် (၂) ကြိမ်၊ ဒုတိယညွှန်ကြားရေးမှူး အဖြစ် (၁) ကြိမ် တာဝန်ထမ်းဆောင်ခဲ့ူးသူ ဖြစ်တယ်လို့ သိရပါတယ်။

ယခင်က ရန်ကုန်တိုင်း တရားလွှတ်တော်တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးဟန်ထူးက သရုပ်ဆောင်အောင်ရဲထွေးအမှုနဲ့ ပတ်သတ်ပြီး အဂတိလိုက်စားမှုဖြင့် အရေးယူခံခဲ့ရပြီးနောက် လစ်လပ်နေတဲ့ ရာထူးနေရာမှာ အခုလို ရွေးချယ်ခဲ့တာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က