ဥပဒေချုပ်အဖြစ် ဒေါ်ခင်မျိုးကြည်က ကတိသစ္စာပြုခဲ့တာပါ။

လစ်လပ်နေတဲ့ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်နေရာမှာ အစားထိုးခန့်အပ်နိုင်ဖို့အတွက် တိုင်းဒေသကြီးလွှတ်တော်သတ္တမပုံမှန်အစည်းအဝေးမှာ ဥပဒေချုပ်အဖြစ် ဒေါ်ခင်မျိုးကြည်က အောက်တိုဘာ ၁ ရက်နေ့ကတိသစ္စာပြုခဲ့တာပါ။



42914311_2046412935424770_495986663042842624_n.jpg 

တိုင်းဥပဒေချုပ်အသစ်ဖြစ်လာသူ ဒေါ်ခင်မျိုးကြည်ကို အမည်စာရင်းတင်သွင်းတာနဲ့ ပါတ်သတ်ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၆ ၊ ပုဒ်မခွဲ ၂၆၆၊ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ် (၁) မှ (၅ ) အထိသတ်မှတ်ထားတဲ့ အရည်အချင်းနဲ့ ပြည့်စုံမှုမရှိဘူးဆိုရင် ကန့်ကွက်နိုင်တယ်လို့ ပြောခဲ့ပေမယ့် ကန့်ကွက်မယ့်သူမရှိတာကြောင့် နည်းဥပဒေ (၅၂) နဲ့ အညီလွှတ်တော်က သဘောတူကြောင်း လွှတ်တော်က စက်တင်ဘာ ၂၇ ရက်နေ့က ကြေငြာခဲ့တာဖြစ်ပါတယ်။

ဒေါ်ခင်မျိုးကြည်ဟာ လက်ရှိမှာ အသက် ၆၁ နှစ်အရွယ်ရှိပြီး ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှာ ညွှန်ကြားရေးမှူးအဖြစ် နောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့တယ်လို့လည်းသိရပါတယ်။ ဥပဒေနယ်ပယ်မှာ လုပ်သက် ၃၄ နှစ်ရှိပြီးတော့ လာဘ်ပေးလာဘ်ယူကိစ္စ အရှုပ်အရှင်းကင်းရှင်းသူ တစ်ဦးဖြစ်ကြောင်း နီးစပ်တဲ့ ပုဂ္ဂိုလ်အသိုင်းအဝိုင်းအချို့ သုံးသပ်ထားပါတယ်။

 

ယခင် ရန်ကုန်တိုင်းဥပဒေချုပ် ဦးဟန်ထူးကတော့ သရုပ်ဆောင်အောင်ရဲထွေးအသတ်ခံရတဲ့ အမှုမှာ ကျူးလွန်သူတွေဆီကနေ တံစိုးလက်ဆောင်တွေရယူခဲ့တယ်ဆိုပြီး တရားစွဲခံနေရတာလည်းဖြစ်ပါတယ်။ ထောင်ဒဏ် ၁၅ နှစ်ထိ ကျခံနိုင်ရတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ နဲ့ တရားရင်ဆိုင်နေရတာဖြစ်ပြီး ဦးဟန်ထူးအပြင် အောင်ရဲထွေးအမှု ကိုင်တွယ်ခဲ့တဲ့ ဥပဒေအရာရှိ ၄ ဦးနဲ့ အရင် သုဝဏ္ဏစခန်းမှူးတို့ အဂတိလိုက်စားမှု ဥပဒေတွေနဲ့ တရားရင်ဆိုင်နေရတာပါ။ ဒါကြောင့်လစ်လပ်နေတဲ့ ရန်ကုန်တိုင်းဥပဒေချုပ်နေရာမှာ ဒေါ်ခင်မျိုးကြည်ကို ခန့်အပ်ဖို့ တင်သွင်းခဲ့တာဖြစ်ပါတယ်။

 

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က