ရဲအက်ဥပဒေနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နေ အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ အရက်သောက်တဲ့သူတွေကို ရဲအက်ဥပဒေနဲ့ ဖမ်းဆီးနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲ့တပ်ဖွဲ့ကနေ သိရပါတယ်။


ဓါတ်ပုံ- ရန်ကုန်တိုင်း ရဲတပ်ဖွဲ့



လှိုင်မြို့နယ်နဲ့ ကမာရွတ်မြို့နယ်တွေမှာ အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေဖြစ်တဲ့ ပန်းခြံတွေ၊လမ်းဆုံလမ်းခွတွေ တံတားတွေနဲ့လူသွားစင်္ကြန်တွေမှာ ဝိုင်းဖွဲ့ပြီး အရက်သေစာသောက်စားမူးယစ်နေတဲ့သူတွေကို ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးပြီးတော့ ရဲအက်ဥပဒေနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

“ တချို့တွေကျ အပေါင်းအသင်းတွေနဲ့ ဒီတိုင်းလေး ဆုံကြသောက်ကြတဲ့ အပျော်ပုံစံမျိုးသောက်ကြတာတွေလည်းရှိတယ်။ လူသွားလမ်းတွေဘေးမှာ သောက်နေတာ၊ အရက်သောက်ပြီး ဘေးက လမ်းသွားလမ်းလာမိန်းကလေးတွေကို စနောက်တာမျိုးတွေကိုလည်း ဖမ်းစေချင်ပါတယ် ” လို့ မင်္ဂလာဒုံမှာ နေထိုင်တဲ့ အသက် ၂၈ နှစ်အရွယ် ကိုတေဇလှိုင်က ပြောပါတယ်။

ဒါ့အပြင် အပန်းဖြေဥယျာဉ်တွေဖြစ်တဲံ အင်းယားကန်ဘောင်၊ ကုန်းကျော်တံတားတွေမှာ အရက်သေစာဝိုင်းဖွဲ့သောက်စားတဲ့သူတွေကို ဆက်ပြီး အရေးယူသွားမယ်လို့ ထုတ်ပြန်ထားတာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က