အနည်းဆုံး (၇) ရက်အလိုမှာ နိုင်ငံခြားသားနဲ့ သက်ဆိုင်ရာကုမ္ပဏီကို သတိပေးလေ့ရှိတယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းမှာ တရားမဝင်နေထိုင်တဲ့ နိုင်ငံခြားသားတွေကို တစ်ရက် ၃ ဒေါ်လာနှုန်း အခွန်ဆောင်ခိုင်းထားပြီးတော့မှသာ လေဆိပ်ကနေ ထွက်ခွာခွင့်ပြုထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးက ဖေဖော်ဝါရီ ၆ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

(ရန်ကုန်လေဆိပ်မှာတွေ့ရသည့် ပြည်ပနိုင်ငံသားများ) (ဓါတ်ပုံ- Crossroads Myanmar)

ရန်ကုန်တိုင်းမှာ တရားမဝင် အထောက်အထားမဲ့ နေထိုင်တဲ့သူတွေနဲ့ ဗီဇာနေထိုင်ခွင့် ရက်လွန်သူတွေ မြို့နယ်တွေမှာ form –C တိုင်ကြားပြီးနေထိုင်တဲ့ နိုင်ငံခြားသားတွေရဲ့ နေထိုင်ခွင့်ကုန်ဆုံးရက်ကို နေခွင့်သက်တမ်းမကုန်ခင် အနည်းဆုံး (၇) ရက်အလိုမှာ နိုင်ငံခြားသားနဲ့ သက်ဆိုင်ရာကုမ္ပဏီကို သတိပေးလေ့ရှိတယ်လို့ သိရပါတယ်။



(တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေး)

“ တရားမဝင် အထောက်အထားမဲ့နေထိုင်သူများကို နိုင်ငံတကာကဲ့သို့ နှစ်စဉ်စီမံချက်ဖြင့် ဆောင်ရွက်မှုမရှိသော်လည်း တရားမဝင် ဝင်ရောက်နေကြောင်း စိစစ်တွေ့ရှိချက်များအပေါ် နေ့စဉ် အရေးယူ ဆောင်ရွက်လျက်ရှိပါတယ်။”လို့ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးက လသာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းဟန်ရဲ့ မေးမြန်းချက်ကို ရန်ကုန်တိုင်းလွှတ်တော်မှာ ဖြေကြားခဲ့ပါတယ်။

သက်တမ်းကျော်လွန်နေထိုင်တဲ့ နိုင်ငံခြားသားကို ရက် (၉၀) မကျော်ရင် တစ်ရက်ကို (၃)ဒေါ်လာ၊ ရက်ပေါင်း (၉၀) ကျော်လွန်ရင် တစ်ရက်ကို (၅) ဒေါ်လာနှုန်းနဲ့ ကျော်လွန်ခဲ့တဲ့ ရက်တွေအတွက် လေဆိပ်မှာ အခငွေပေးဆောင်ပြီးမှ ပြန်လည်ထွက်ခွာခွင့်ပြုတယ်လို့ သိရပါတယ်။

ဗီဇာအရ နေခွင့်သက်တမ်းထက် ကျော်လွန်နေသူတွေကို တေ့ွရှိပါက အရေးယူဆောင်ရွက်ပြီ ကျေးရွာအုပ်ချုပ်ရေးမှုးတွေ၊ ရပ်ကွက်တွေ၊ မိုတယ်၊ဟိုတယ်တွေနဲ့ မန်နေဂျာတွေကိုလည်း ချိတ်ဆက်သတင်းယူတာတွေပြုလုပ်နေတယ်လို့ ဝန်ကြီးက ဖြေကြားခဲ့တာ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က