ရန်ကုန်တိုင်းအတွင်းမြို့နယ် ၃၃ မြို့နယ်မှာ ဇန်နဝါရီ ၂၂ ရက်(ယနေ့) နဲ့ ၂၄ ရက် မနက် ၉ နာရီကနေ နေ့လယ် ၁၂ နာရီအထိ အချိန်ပိုင်း ယာယီ မီးပြတ်မယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်းက သတင်းထုတ်ပြန်ပါတယ်။
ရန်ကင်း၊ ဗိုလ်တစ်ထောင်၊ မြောက်ဥက္ကလာပ၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်၊ သာကေတ၊ ဒဂုံ(ဆိပ်ကမ်း)၊ ဒဂုံ(တောင်)၊ ဒဂုံ(မြောက်)၊ တောင်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ ဒေါပုံ၊ ကြည်မြင့်တိုင်၊ ကမာရွတ်၊ အလုံ၊ မရမ်းကုန်း၊ လမ်းမတော်၊ဗဟန်း၊ လှိုင်၊ မင်္ဂလာဒုံ၊ လှိုင်သာယာ၊ အင်းစိန်၊လှ ည်းကူး၊ မှော်ဘီ၊ ဖောင်ကြီး၊ ဒါးပိန်၊ အင်းတိုင်၊ မြောင်းတကာ၊ ဥက္ကံ၊ ထန်းတပင်၊ ထောက်ကြန့်၊ အဖျောက်မြို့နယ်တွေက ရပ်ကွက်အချို့တို့မှာ အချိန်ပိုင်းဓာတ်အားပြတ်တောက်မှု အနည်းငယ်ရှိနိုင်တယ်ဆိုပြီးတော့ ကြေညာထားပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နဲ့ မြို့နယ်တွေမှာ (၆၆)ကေဗွီ ၊(၃၃)ကေဗွီ ဓာတ်အားခွဲရုံတွေကို Distribution Transformer တွေကို ထိန်းသိမ်းပြုပြင်တာ၊ ရေရှည်ဓာတ်အားတည်ငြိမ်ပြည့်ဝစွာပေးနိုင်ဖို့ ဟောင်းနွမ်းပြီး ဝန်အားမနိုင်တော့တဲ့(၁၁)ကေဗွီ ဓာတ်အားလိုင်းကြိုးတွေကို လျပ်ကာပါတဲ့ ဓာတ်အားလိုင်းကြိုးအသစ်တွေနဲ့ လဲလှယ်မှာဖြစ်တာကြောင့် ယာယီ မီးဖြတ်တောက်ရတာလို့ ဆိုပါတယ်။
ယာယီဓာတ်အားပြတ်တောက်ရတဲ့အတွက် လူမှုရေးအခက်အခဲတွေ ပေါ်ပေါက်လာနိုင်မှုတွေအပေါ်နားလည်ခွင့်လွှတ်ပေးဖို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက အသိပေး ကြေညာထားပါတယ်။