သူဟာ စမ်းချောင်းက အိမ်တစ်လုံးမှာ လဲ အိမ်ထဲကို ဝင်ပြီးရိုက်နက်ခဲ့ပါသေးတယ်။

ရန်ကုန်ဘူတာကြီးထဲမှာ ခရီးသည်တွေကို မကြားဝံ့မနာသာ ကြိမ်းမောင်းဆဲဆိုခဲ့တဲ့ သင်္ကန်းဝတ်အမျိုးသားတစ်ယောက်ကို ဇန်နဝါရီလ ၂၀ ရက်နေ့က ဖမ်းဆီးလိုက်တယ်လို့ ရထားရဲတပ်ဖွဲ့ကနေ သိရပါတယ်။

Photo - ရထားရဲတပ်ဖွဲ့



သူဟာ ရန်ကုန်ဘူတာကြီးမှာ သွားလာနေတဲ့ ခရီးသည်တွေကို ဆဲဆိုနေခဲ့တာကြောင့် ရထားရဲတပ်ဖွဲ့က ထိမ်းသိန်းလိုက်တာဖြစ်ပါတယ်။ အဲ့ဒီသင်္ကန်းဝတ်လူနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရာမှာ စမ်းချောင်းမြို့နယ် မအူပင်လမ်းထဲရှိ နေအိမ်တစ်ခုမှာ နေအိမ်အတွင်းကျူးကျော်ကာ ပါးရိုက်ဆဲဆိုခဲ့သူပဲ ဖြစ်နေခဲ့ပါတယ်။

ဒါပေမယ့် ရထားရဲတပ်ဖွဲ့က သူ့ကိုဖမ်းဆီးခဲ့ရတဲ့ အကြောင်းအရင်းကတော့ စမ်းချောင်းမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ကိစ္စနဲ့ သက်ဆိုင်ခြင်းမရှိဘဲ ရန်ကုန်ဘူတာကြီးထဲမှာဖြစ်ပွားခဲ့တဲ့ ကိစ္စနဲ့သာ သက်ဆိုင်တယ်လို့ လို့ ရထားရဲတပ်ဖွဲ့ တာဝန်ရှိသူက Duwun ကိုပြောပါတယ်။

ဖမ်းဆီးထားသူကို ဇန်နဝါရီလ ၂၁ ရက်နေ့မှာ မင်္ဂလာတောင်ညွှန့် တရားရုံးမှာ ရုံးထုတ်ခဲ့ကာ သာသနာတော် ညှိုးနွမ်းစေမှု ပုဒ်မနဲ့ ရထားရဲတပ်ဖွဲ့က တရားလိုလုပ်ပြီး တရားစွဲဆိုထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က