တရားဝင်မှတ်ပုံတင်ပြီး စည်းကမ်းချက်နဲ့ စီးနင်းခွင့်အဆိုတင်ခဲ့တာပါ။

ရန်ကုန်တိုင်းအတွင်းရှိ ဒဂုံမြို့သစ် (၄) မြို့နယ် လှိုင်သာယာနဲ့ ရွှေပြည်သာမြို့နယ်တွေမှာ တရားဝင်မှတ်ပုံတင်ပေးပြီး ဆိုင်ကယ်စီးနင်းခွင့်ပြုရန် အဆိုုတင်သွင်းမှုကို ဖေဖော်ဝါရီ ၄ ရက်နေ့က ကျင်းပပြုုလုပ်တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပယ်ချလိုက်တယ်လို့ သိရပါတယ်။

ဒီအဆိုကို သက်ဆိုင်ရာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှ ာတင်သင့်တယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂ ဦးက ကန့်ကွက်ခဲ့ပြီး မဲခွဲဆုံးဖြတ်ခဲ့ရာ ကန့်ကွက်သူများတာကြောင့် ပြည်သူ့လွှတ်တော်က ပယ်ချခဲ့တာလည်း ဖြစ်ပါတယ်။



ဒီကနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ တောင်ဒဂုံမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးနိုင်က မြို့နယ် ၆ ခုမှာ တိကျတဲ့ နယ်နိမိတ်သတ်မှတ်ချက်၊ စည်းကမ်းချက်တွေ ချမှတ်ကာ တရားဝင်မှတ်ပုံတင်စေပြီး အချိန်ကာလတစ်ခုထိ ရည်ရွယ်ကာ မော်တော်ဆိုင်ကယ်စီးနင်းခွင့်ပြုရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း အဆိုကို တင်သွင်းခဲ့ပါတယ်။

“ ဒီအဆိုက ရန်ကုန်တိုင်းမှာ ဖြစ်တာကို ညွန်းပေမယ့် ဆိုင်ကယ်စီးတဲ့ကိစ္စက တစ်နိုင်ငံလုံးနဲ့ ဆိုင်ပါတယ်။ ဒါတွေကို ဥပဒေနဲ့ အညီဆောင်ရွက်ပေးဖို့ ဆိုတာကို အဆိုတင်ခဲ့တာပါ။ အဲဒါကို အဓိပ္ပာယ်လွဲပြီးတော့ တိုင်းဒေသကြီးကို တင်ပါဆိုပြီးတော့ ထကန့်ကွက်လိုက်တာ။ ကျွန်တော့်အနေနဲ့ ဥက္ကဌရဲ့ အဆုံးအဖြတ်ကိုယူပြီးတော့ လက်ခံလိုက်တာပါ။ “ အဆိုတင်သွင်းခဲ့သူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးနိုင်က Duwun ကိုပြောပါတယ်။

မြို့နယ် ၆ မြို့နယ်မှာ ဆိုင်ကယ် တရားဝင်စီးနင်းခွင့်ကို တိုင်းဒေသကြီး လွှတ်တော်မှာတင်ပြခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့တာကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တိုက်ရိုက် တင်ပြဆွေးနွေးဖို့ စီစဉ်သွားမယ်လို့လည်း ကိုယ်စားလှယ် ဦးအေးနိုင်က ဆက်လက်ပြောပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တွေမှာ ဆိုင်ကယ်စီးနင်းခွင့်မပြုထားပေမဲ့ အချို့မြို့နယ်တွေမှာတော့ စီးနင်းမှုတွေရှိနေပါတယ်။

Share

Loading Next Article...
က္က