ဒီနေ့မှာ ဆေးစစ်သွားဖွယ်ရှိပါတယ်။

ကစားသမားရဲ့ လစာငွေကို ယူနိုက်တက်အသင်းဘက်က ယူရို ၅သန်း စိုက်ထုတ်ပေးရမှာဖြစ်ပြီး အင်တာမီလန်က ယူရို၁၂သန်းသာ ပေးချေရမှာလည်းဖြစ်ပါတယ်။


အင်တာမီလန်အသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ဟာ တိုက်စစ်မှူးဆန်းချက်ဇ်အတွက် သဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်ပါတယ်။ ဆန်းချက်ဇ်ကို (၁၀)လအငှားစာချုုပ်နဲ့ အင်တာမီလန်က ခေါ်ယူမှာဖြစ်ပြီးတော့ တစ်နှစ်စာအတွက် လုပ်အားခ ယူရို ၁၇သန်းပေးချေသွားရမှာဖြစ်တယ်လို့ Daily Mail ရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

ဒါပေမယ့်လည်း အဆိုပါလစာငွေမှာ ယူနိုက်တက်အသင်းဘက်က ယူရို ၅သန်း စိုက်ထုတ်ပေးရမှာဖြစ်ပြီး အင်တာမီလန်က ယူရို၁၂သန်းသာ ပေးချေရမှာလည်းဖြစ်ပါတယ်။ ဆန်းချက်ဇ်ဟာ ဒီနေ့မှာပဲ အီတလီကို သွားရောက်ပြီး ဆေးစစ်မှုခံယူဖွယ်ရှိတယ်လို့ သိရပြီး မကြာခင်မှာ စာချုပ်ချုပ်ဆိုနိုင်မယ်လို့လည်း အင်္ဂလန်မီဒီယာများကဖော်ပြခဲ့ကြပါတယ်။

အသက် (၃၁)နှစ်အရွယ် ချီလီတိုက်စစ်မှူးဟာ ယူနိုက်တက်ကို အာဆင်နယ်ကနေ ပြောင်းရွှေ့လာခဲ့ပြီးနောက် ခြေစွမ်းမပြနိုင်ခဲ့ပဲ ၂ နှစ်နီးပါးအတွင်းမှာ သွင်းဂိုး ၅ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ တစ်ပတ်လုပ်ခ ပေါင်ငါးသိန်းအထိ ပေးချေပြီး ဆန်းချက်ဇ်ကို မျှော်လင့်ချက်ကြီးစွာနဲ့ ယူနိုက်တက်က ခေါ်ယူခဲ့ပေမယ့်လည်း လွဲမှားတဲ့ အပြောင်းအရွှေ့သာ ဖြစ်ခဲ့ရပါတယ်။

အင်တာမီလန်ကတော့ လူကာကူကို ခေါ်ယူနိုင်ခဲ့အပြီးမှာ ဆန်းချက်ဇ်ကိုပါ နောက်ထပ်ခေါ်ယူနိုင်မှာဖြစ်ပြီး ယူနိုက်တက်တိုက်စစ်အတွဲအဖက်ကို ဆန်စီရိုမှာ ပြန်လည်မြင်တွေ့ရမှာလည်းဖြစ်ပါတယ်။ လူကာကူကတော့ ပေါင် ၇၃သန်းနဲ့ အင်တာမီလန်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး လက်ချီနဲ့ ကစားခဲ့တဲ့ အဖွင့်ပွဲမှာ သွင်းဂိုးတစ်ဂိုးရယူပေးနိုင်ခဲ့ပါတယ်။

ဆန်းချက်ဇ်ကတော့ အသင်းရဲ့ရာသီကြိုပွဲစဉ်တွေမှာရော၊ ပရီးမီးယားလိဂ်ပွဲ (၃) ကစားအပြီးမှာပါ ယူနိုက်တက်အတွက် လုံးဝကစားပေးရခြင်းမရှိသူဖြစ်ပါတယ်။ အသင်းတိုက်စစ်ပိုင်းမှာ အဓိကကစားသမားတွေအဖြစ် မာရှယ် နဲ့ ရက်ရှ်ဖို့ဒ်တို့သာ ရှိနေပြီး လူကာကူကို ရောင်းထုတ်ပြီး လူအင်အားမဖြည့်တင်းခဲ့တဲ့အပြင် ဆန်းချက်ဇ်ကိုပါ အငှားနဲ့ပြောင်းရွှေ့စေခဲ့တဲ့ ယူနိုက်တက်ရဲ့ လုပ်ရပ်ကတော့ အံ့အားသင့်စရာတော့ ရှိနေခဲ့ပါတယ်။

Share

က္က