အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ထုတ်ပြန်ကြေညာလိုက်ပါတယ်

NLD ပါတီဝင် ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်ခိုင်နှင့် ဒဂုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျတို့ကို NLD ပါတီတာဝန်တွေကနေ ရပ်ဆိုင်းလိုက်ပြီ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

40463411_291003274820671_2781913122925969408_n.jpg 

သြဂုတ်လ ၂၅ ရက် က ကျင်းပပြုလုပ်တဲ့ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းက လက်မှတ်ရေးထိုးပြီး သြဂုတ်လ ၂၇ ရက်နေ့စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။

အခုလို ပါတီတာဝန်ကနေ ရပ်ဆိုင်းခံရကြောင်း လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးက သူတို့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာတွေကတဆင့် အတည်ပြုချက်ရေးသားထားပြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက “ ပါတီတာဝန်မရှိတော့ ပြည်သူ့တာဝန်ပိုပြီးထမ်းဆောင်ရတာပေါ့ “ ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

 

အဆိုပါ တာဝန်ရပ်ဆိုင်းခြင်းနဲ့ ပတ်သက်ပြီး NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ကတော့ တစ်စုံတစ်ရာ ပြောကြားခြင်းမရှိသေးပါဘူး။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်သက်သက်ခိုင်ဟာ နိုင်ငံရဲ့ စီးပွားရေးအခြေအနေတွေကို ဝေဖန်ထောက်ပြပြောဆိုနေသူဖြစ်သလို တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကလည်း ရန်ကုန်တိုင်းအစိုးရကို ဝေဖန်ထောက်ပြနေသူ တစ်ဦး ဖြစ်ပါတယ်။

Share

Loading Next Article...
က္က