ဗဟိုအောင်နိုင်ရေးကော်မတီကို အဖွဲ့ဝင်ပေါင်း ၃၁ ဦးနဲ့ ဖွဲ့စည်းခဲ့တာပါ။

၂၀၂၀ ရွေးကောက်ပွဲအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟို ရွေးကောက်ပွဲ အောင်နိုင်ရေးကော်မတီကို နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌ အဖြစ်ဆောင်ရွက်ကာ နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ ဖွဲ့စည်းတာဝန်ပေးလိုက်ပြီလို့ ပါတီက သြဂုတ်လ ၁၇ ရက်မှာ ကြေညာလိုက်ပါတယ်။

ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီမှာ ဂုဏ်ထူးဆောင်နာယကအဖြစ် ဦးတင်ဦး၊ ဥက္ကဌ အဖြစ် ဒေါ်အောင်ဆန်းစုကြည်၊ အတွင်းရေးမှူးအဖြစ် နိုင်ငံတော်သမ္မတဦးဝင်းမြင့် တို့က ဦးဆောင်မှာဖြစ်ပြီး ဒုတိယသမ္မတ (၂) ဦးဟင်နရီဗန်ထီးယူနဲ့ သမ္မတဟောင်း ဦးထင်ကျော်တို့လည်း အဖွဲ့ဝင်တွေ အဖြစ် ပါဝင်တယ်လို့ ကြေညာချက်မှာဖော်ပြထားပါတယ်။



ဒါ့အပြင် အမျိုးသားလွှတ်တော်ဥက္ကဌ မန်းဝင်းခိုင်သန်း၊ ပြည်သူ့လွှတ်တော်ဒုဥက္ကဌ ဦးထွန်းထွန်းဟိန်၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ၊ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု တို့အပါအဝင် အဖွဲ့ဝင်ပေါင်း ၃၁ ဦးနဲ့ ဖွဲ့စည်းထားတယ်လို့လည်းသိရပါတယ်။

ဓာတ်ပုံ- ဖေဖော်ဝါရီလ ၁ ရက်ကပြုလုပ်တဲ့ “သွေးချင်းတို့ရဲ့ ပွဲတော်ဆီ”ပွဲတော်ကို အတိုင်ပင်ခံတက်ရောက်လာစဉ်။

“ အားသာချက်ကတော့ အတိုင်ပင်ခံကိုယ်တိုင် ဥက္ကဌ အနေနဲ့ တာဝန်ယူထားတာဆိုတော့ အရှိန်အဝါအရရော၊ လုပ်ငန်းအတွက်ရော အဆင်ပြေတာပေါ့။ အတွင်းရေးမှူးကလည်း နိုင်ငံတော်သမ္မတဖြစ်တယ်။ ကော်မတီထဲမှာ ဝန်ကြီးချုပ်တွေလည်းပါဝင်တော့ သူတို့တိုင်းနဲ့ ပြည်နယ်အတွက် လှုပ်ရှားလို့ ပိုကောင်းတာပေါ့။ ဒါကလည်း တခြားအဖွဲ့အစည်းတွေထက်စာရင် ပိုပြီးအားသာတာပေါ့။ “ လို့ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူမုံရွာအောင်ရှင်က Duwun ကို ပြောပါတယ်။

ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီမှာပါဝင်တဲ့ အဖွဲ့ဝင်ပေါင်း ၃၁ ဦးထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေ၊ ပါတီဝင်မဟုတ်တဲ့ ပြင်ပက ကျွမ်းကျင်ပညာရှင်တွေလည်း ပါဝင်နေပြီး ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် အကောင်းဆုံးဖြစ်လာမယ်လို့ ယုံကြည်ကြောင်း မုံရွာအောင်ရှင်က ဆိုပါတယ်။

ဒါ့အပြင် အမျိုးသားဒီမိုကရေအဖွဲ့ချုပ်အနေနဲ့ နေပြည်တော်ကောင်စီ၊ ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းအပါအဝင် တိုင်းနဲ့ ပြည်နယ်အသီးသီး ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီအသီးသီးကို ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ကြောင့် သြဂုတ်လ ၁၇ ရက်က ကြေညာခဲ့ပြီးဖြစ်ပါတယ်။

Share

Loading Next Article...
က္က