ရေချိုကို သိုလှောင်နိုင်မယ့် ရေထိန်းတံခါးတစ်ခုတည်ဆောက်ပေးနိုင်ဖို့ ရှိ၊မရှိကို သိရှိလိုကြောင်းမေးမြန်းခဲ့ရာမှာ ပြန်လည်ဖြေကြားခဲ့တာပါ

သန်လျင်မြို့ရေထိန်းတံခါးတည်ဆောက်ဖို့အတွက် ၂၀၁၉-၂၀၂၀ ခုနှစ် ဘဏ္ဍာနှစ်မှာထည့်သွင်းထားတယ်လို့ စိုက်ပျိုးရေး၊မွေးမြူရေး၊သစ်တောနဲ့ စွမ်းအင်ဝန်ကြီး ဦးဟံထွန်းက ဖေဖော်ဝါရီ ၂၅ ရက်နေ့ တိုင်းဒေသကြီးလွှတ်တော်မှာ ပြောပါတယ်။

ဓါတ်ပုံ-ရန်ကုန်တိုင်းအစိုးရ

သန်လျင်ဝင်ခနီးကျေးရွာအနီးမှာ ရေထိန်းတံခါးတည်ဆောက်ရေးအတွက် တိုင်းအစိုးရအဖွဲ့ရဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ငွေလုံးငွေရင်း ရန်ပုံငွေလျာထားစာရင်းမှာ ထည့်သွင်းထားပြီးတော့ ရန်ပုံငွေရတယ်ဆိုရင် အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။

တိုင်းဒေသကြီးလွှတ်တော်အဌမပုံမှန်အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်းက သန်လျင်မြို့နယ်၊ဝင်းခနီးရွာအနားက ချောင်းမှာ ပင်လယ်ဆားငန်ရေတွေဝင်ရောက်တာကနေ ကာကွယ်နိုင်ပြီးတော့ ကွင်းရေများချိန်မှာ လိုအပ်သလို ရေပြန်ထုတ်ပစ်နိုင်ပြီး နွေးစပါးတွေစိုက်ပျိုးဖို့ ရေချိုကို သိုလှောင်နိုင်မယ့် ရေထိန်းတံခါးတစ်ခုတည်ဆောက်ပေးနိုင်ဖို့ ရှိ၊မရှိကို သိရှိလိုကြောင်းမေးမြန်းခဲ့ရာမှာ ပြန်လည်ဖြေကြားခဲ့တာပါ။

" သန်လျင်မြို့နယ် ဝင်ခနီးကျေးရွာနားမှာ ဆောက်မယ့်ဝင်ခနီးရေထိန်းတံခါးတည်ဆောက်ရေး ဘူမိဗေဒစမ်းသပ်လေ့လာမှုကြိုတင်ဆောင်ရွက်နိုင်ဖို့ ၁၈-၁၉ ဘဏ္ဍာနှစ်မှာ တိုင်းဒေသကြီးဖြည့်စွက်ရန်ပုံငွေကနေ တင်ပြတောင်းခံထားပြီးတော့ ရန်ပုံငွေရတယ်ဆိုရင်ဆောင်ရွက်သွားမယ် ” လို ဝန်ကြီးက ပြောပါတယ်။

ရေထိန်းတံခါးတည်ဆောက်နိုင်ဖို့ အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ငွေလုံးငွေရင်း ရန်ပုံငွေလျာထားစာရင်းမှာလည်း ထည့်သွင်းရေးဆွဲခဲ့တယ်လို့ ဖြေကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က