တံတားဟောင်းကိုတော့ကားသေးနဲ့ ကားလတ်တွေကိုပဲဖြတ်သန်းခွင့်ပြုထားတယ်လို့ ပြောပါတယ်။

သန်လျင်တံတားဟောင်းဘေးနားမှာ JICA ချေးငွေနဲ့ဆောက်လုပ်မယ့်တံတားသစ်ကို လာမယ့် ၂၀၁၉ မတ်လလောက်မှာ GroundBreaking ပြုလုပ်သွားမှာဖြစ်တယ်လို့ တံတားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးကျော်ကောင်းချိုက Duwun ကိုပြောပါတယ်။

photo- mmside (သန်လျင်တံတားဟောင်း)



"မတ်လထဲမှာ ခန့်မှန်းခြေအားဖြင့်ပေ့ါ။ Ground breaking လုပ်ဖို့ရှိပါတယ်။ အဲ့ဒါကတော့ JICA ချေးငွေနဲ့ပါ။မီးရထားလမ်းမပါဘူး။ကားလမ်းပါပဲ။တံတားဟောင်းကိုတော့ ဒီတိုင်းပဲဖြတ်သွားခွင့်ပြုထားမှာပါ ” လို့ ပြောပါတယ်။

တံတားဟောင်းရဲ့ ဖြတ်သန်းဖို့ကိုတော့ ဝန်တန်ချိန်လျော့ချထားပြီးဖြတ်သန်းခွင့်ပြုထားတာဖြစ်ပြီးတော့ ကားသေးနဲ့ ကားလတ်တွေကိုပဲဖြတ်သန်းခွင့်ပြုထားတယ်လို့ ပြောပါတယ်။

တံတားတည်ဆောက်ပြီးစီးမှုကိုတော့ ၂၀၂၃ မှာတည်ဆောက်ပြီးစီးမှာဖြစ်ပြီးတော့ တံတားသစ်တည်ဆောက်ပြီးစီးတယ်ဆိုရင်တော တံတားဟောင်းနဲ့ တွဲဖက်ပြီးအသုံးပြုခွင့်ပေးထားမယ်လို့ ပြောပါတယ်။

သာကေရှုခင်းသာအဝိုင်းဘေးနား မူလတံတားဟောင်းဘေးနားမှာတည်ဆောက်မှာဖြစ်ပြီးပြီးတော့ JICA ချေးငွေက အတိုးနှုန်း (ဝ.၀၁ ) ကျပ်နှုန်းနဲ့ နှစ်၄၀ ချေးငွေအရ တည်ဆောက်မှာဖြစ်တယ်လို့ သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က