ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ ထက်ဦးထွဋ်နဲ့ ချာလီ တို့ရဲ့ '' လွင်ပြင်'' သီချင်း MTV ထဲက ဇာတ်ဝင်ခန်းတွေ ရိုက်ကူးခဲ့ပုံကို ထက်ဦးထွဋ်က ပြောပြလာပါတယ်။
Photo: လွင်ပြင် (MTV)
ထက်ဦးထွဋ် နဲ့ ချာလီတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ အားတီရဲ့ ''လွင်ပြင် '' သီချင်း(MTV) ထဲက ဇာတ်ဝင်ခန်းတွေ အပေါ် ပရိသတ် တွေ စိတ်ဝင်စားလို့ နေပါတယ်။ ဒီဇာတ်ဝင်ခန်းတွေထဲကမှ ယောကျ်ားလေး နှစ်ယောက် နမ်းရတဲ့ ဇာတ်ဝင်ခန်းအပေါ်မှာလည်း ထက်ဦးထွဋ်ကိုယ်တိုင်က စိုးရိမ်စိတ်တွေရှိခဲ့တယ်လို့ Duwun Media ကနေ ပြောပြလာပါတယ်။
''နမ်းတဲ့ အခန်းကလည်း တကယ်တော့ နမ်းတာမဟုတ်ပါဘူး ကင်မရာအယူအဆနဲ့ပဲ သွားတာပါ။ နည်းနည်းတော့ ကြောင် သွား တာ ပေါ့နော် လုပ်လည်း မလုပ်ဖူးဘူး။ အဲ့ဒီအခန်းကိုလည်း တော်တော်ကို အချိန်ယူပြီး ရိုက်လိုက်ရတယ်။ အဲ့ဒီတုန်းကတော့ ပရိသတ်တွေရဲ့ အမြင်တွေအပေါ် အနည်းနဲ့အများတော့ စိုးရိမ်ခဲ့မိသေးတယ်'' လို့ ဆိုပါတယ်။
Photo: ထက်ဦးထွဋ်
ထက်ဦးထွဋ်က ယောက်ျားလေး နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ထည့်သွင်းဖော်ကျူးထားတဲ့''လွင်ပြင် ''သီချင်း MTV ကို ရိုက်ကူးခဲ့စဉ်က အမှတ်တရ တွေကို ဆက်လက်ပြောပြလာပါတယ်။
'' အစပိုင်းကတော့ ကျွန်တော်လည်း နည်းနည်းလန့်တာပေါ့နော်။ ကျွန်တော်လည်း မလုပ်ဖူးဘူးလေ။ ဒီလို ယောကျ်ားလေး နှစ်ယောက်ရဲ့ ကာရိုက်တာ ဆိုတာက ဖြစ်လာတဲ့ အပေါ်မှာပဲ အကောင်းဆုံးဖြစ်အောင် ကိုချာလီ နဲ့ တိုင်ပင်ပြီးတော့ ကြိုးစားခဲ့ကြတာပါ။ ဒါကိုလည်း ကျွန်တော်တို့ ကလောမှာ ခရီးထွက်ပြီးတော့ ရိုက်ခဲ့ရတာပါ'' လို့ သူကဆိုပါတယ်။
Photo: FG Entertainment
ထက်ဦးထွဋ်ဟာ ''လွင်ပြင် '' (MTV) ထဲက ကာရိုက်တာကို လက်ခံဖြစ်ခဲ့တာကလည်း သူနဲ့ အတူ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ ချာလီ ကြောင့် လို့ ဆိုပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကလည်း အပြင်လောကမှာပါ ရင်းနှီးမှုရှိပြီးသား သူငယ်ချင်းတွေ ဖြစ်တယ်လို့ Balance Fitness ပွဲမှာ ဖြေဆိုခဲ့တာပါ။
'' တခြားသူတွေနဲ့ ဆိုရင်တော့ ကျွန်တော့် စိတ်ထဲမှာ တစ်မျိုး ဖြစ်နေမှာပေါ့နော်။ ကိုချာလီနဲ့ ကျတော့ အစကတည်းကလည်း ခင်တယ်. ရင်းလည်း ရင်းနှီးပြီးသား လူတွေဆိုတော့ ထွေထွေထူးထူးသိပ်မရှိဘူး ညီအစ်ကိုတွေလိုပဲဆိုတော့ သူကလည်း ကျွန် တော့်ကို အများကြီးသင်ပေးတယ်''လို့ ဆက်လက်ဖြေဆိုခဲ့ပါတယ်။
Photo: ထက်ဦးထွဋ်
ထက်ဦးထွဋ်က အသက် ၂၀ သာရှိပါသေးတယ်။ အရင်တုန်းကလည်း Mister Global Teen Myanmar 2015 ဆုကို ရရှိပိုင်ဆိုင်ခဲ့ဖူးသူ တစ်ယောက်ပါ။ လက်ရှိမှာလည်း အနုပညာလောကမှာ မော်ဒယ်လ်၊ သရုပ်ဆောင် တစ်ယောက် အနေနဲ့ ရပ်တည်နေတာကို တွေ့ရပါတယ်။
Share