ဘာတွေပြောလိုက်လို့ပါလိမ့်။

ထွန်းထွန်းရဲ့ စကားတစ်ခွန်းကြောင့် ယုန်လေးတစ်ယောက် အရမ်းကို ပျော်လို့နေပါတယ်။ သူချစ်ရတဲ့ သူငယ်ချင်းဖြစ်သူ ထွန်းထွန်းက သူနဲ့ အတူ ဇာတ်ကားရိုက်ကူးချင်တယ်ဆိုတဲ့ စကားကြောင့် ယုန်လေးတစ်ယောက် အရမ်းလည်း ဝမ်းသာနေသလို အရမ်း လည်း ပျော်နေတာတွေ့ရပါတယ်။



 

အဆိုတော် ယုန်လေးက သူငယ်ချင်း ထွန်းထွန်းရဲ့ စကားတစ်ခွန်းကြောင့် အရမ်းကို ပျော်နေတာ တွေ့ရပါတယ်။သူချစ်ရတဲ့ သူငယ်ချင်းဖြစ်သူ ထွန်းထွန်းဟာ သူနဲ့အတူ ဇာတ်ကားရိုက်ကူးချင်တယ်လို့ ပြောလာတာကြောင့် ယုန်လေးတစ်ယောက် အရမ်းလည်း ဝမ်းသာနေသလို အရမ်း လည်း ပျော်နေတာတွေ့ရပါတယ်။

"ကျွန်တော်ချစ်တဲ့ သူငယ်ချင်း ထွန်းထွန်းမနေ့ညက ရုပ်ရှင်ထုပ်လုပ်ရေးတစ်ခုကနေ ဖုန်းဆက်တယ်။ကိုထွန်းထွန်း က ကိုယုန်လေး နဲ့ပြောထား တဲ့ ဇာတ်ရိုက်ချင်တယ်ပြောတယ်။ ကျွန်တော့် ကို သရုပ်ဆောင် ဒါရိုက်တာ အဖြစ်ပေါ့ ။ရိုက်ဖြစ်သည် ဖြစ်စေ မရိုက်ဖြစ်သည်ဖြစ်စေ အဲ့လို စိတ်ထဲရှိတဲ့ အတွက် ကျွန်တော် တော်တော်ပျော်ပါတယ် . ဝမ်းလည်းသာပါတယ်"ဆိုပြီး ယုန်လေးက စက်တင်ဘာ(၅) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

 

အကယ်၍ ထွန်းထွန်းနဲ့ ဇာတ်ကားရိုက်ကူးဖြစ်ခဲ့ရင်လည်း သူ့အနေနဲ့ အကောင်းဆုံး ကြိုးစားသွားမှာပါဆိုပြီး ဆက်လက်ပြောပြထားပါတယ်။ သူဝမ်းသာတဲ့အကြောင်း ပြောထားရင်းနဲ့ ထွန်းထွန်းနဲ့အတူ ရိုက်ထားတဲ့ ဓာတ်ပုံလေးကို တင်ထားတာတွေ့ရပါတယ်။ အဲ့ဒီပုံလေးမှာလည်း ထွန်းထွန်းက ယုန်လေးလို သွားမျိုး လိုက်လုပ်ပြီး ယုန်လေးကို စနောက်ထားတဲ့ ပုံလေးပါ။

ပရိသတ်တွေကလည်း သူတို့နှစ်ယောက် အတူတူ ရိုက်ကူးမယ့် ဇာတ်ကားကို မျှော်နေကြောင်း ကောမန့်တွေ ပေးထားတာတွေ့ရပါတယ်။

ညီအစ်ကိုလိုရင်းနှီးလှတဲ့ ယုန်လေးအကြောင်းပြောလာတဲ့ မြင့်မြတ် 

ယုန်လေးက လက်ရှိမှာ ဇာတ်ကားရိုက်ကူးမှုတွေ လုပ်နေပြီး သူရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေ ရုံတင်နိုင်အောင် ကြိုးစားနေတယ်လို့ သိရပါတယ်။  မကြာခင်ရုံတင်ပြသတော့မယ့် special 9 ရုပ်ရှင်ဇာတ်ကားကြီးဟာလည်း ယုန်လေးကိုယ်တိုင် ဇာတ်လမ်းနဲ့ဒါရိုက်တာအနေနဲ့ ပါဝင်ထားပြီး ကိုယ်တိုင်သရုပ်ဆောင်ထားပါတယ်။

Special 9 ရုပ်ရှင်ဇာတ်ကားမှာ မြင့်မြတ်၊ ယုန်လေး၊ နိုင်းဝမ်း၊ ထူးအယ်လင်း၊ ထက်ယံ၊ သားသား၊ Ice Cold၊ Okka၊ ဆူဇီ၊ ခိုင်မြတ်သဇင်၊ စိုးနန္ဒာကျော်၊ ပန်းနုတို့အပြင် အခြားသော အနုပညာရှင်များစွာက ပါဝင်အားဖြည့်ပေးထားပါတယ်။ ယင်းဇာတ်ကားကို ဒါရိုက်တာ အောင်မြတ် နဲ့ စစ်သွေးတို့က ရိုက်ကူးပေးထားတာ ဖြစ်ပါတယ်။

 

ယုန်လေးရဲ့ ပရိသတ်တွေကလည်း ဒီရုပ်ရှင်ဇာတ်ကားကြီး ဆင်ဆာကျသွားတဲ့ အတွက် အရမ်းကို ဝမ်းသာလို့ နေကြပါတယ်။ယုန်လေးရဲ့ ရုပ်ရှင်ဇာတ်ကား တော်တော်များများ ဆင်ဆာမကျသေးပေမယ့်လည်း ဒီဇာတ်ကားကြီး ဆင်ဆာကျသွားလို့ အနုပညာမောင်နှမတွေလည်း ဝမ်းသားလို့နေကြပါတယ်။

ယုန်လေးက  သူကိုယ်တိုင်ရေးသားတဲ့ ကိုယ့်သမိုင်းကိုယ်ရေးကြသူများ ၁ Original Gangster 1 စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်ခဲ့သူပါ။ ဒီရုပ်ရှင်ဇာတ်ကားကြီးတွေကနေတဆင့် ပရိသတ်အားပေးမှုလည်း ပိုမိုရရှိလာတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က