ထ၇န့်က နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ ထည့်သွင်းကြေညာခဲ့ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်နဲ့ ဒုတိယအကြိမ် ထိပ်သီးတွေ့ဆုံမှုကို ဗီယက်နမ်နိုင်ငံမှာ ယခုလကုန်ရက်များအတွင်း ပြုလုပ်သွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဖေဖေါ်ဝါရီ ၅ ရက်မှာ ပြောကြားခဲ့တဲ့ ၎င်းရဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ ထည့်သွင်းကြေညာခဲ့ပါတယ်။

(ဖေဖေါ်ဝါရီ ၅ ရက်နေ့မှာ သမ္မတထရန့် နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားမှု) (AP Photo/J. Scott Applewhite)

အမေရိကန်သမ္မတထရန့်ရဲ့ ကြေညာမှုအရ လာမယ့် ဖေဖေါ်ဝါရီ ၂၇ ရက်နဲ့ ၂၈ ရက်မှာ ကင်မ်ဂျုံအန်နဲ့ ထိပ်သီးတွေ့ဆုံ ဆွေးနွေးသွားမယ်လို့ သိရပါတယ်။ "တစ်ကယ်လို့ ကျွန်တော်သာ အမေရိကန်ရဲ့ ရွေးကောက်ခံ သမ္မတတစ်ယောက် မဟုတ်ခဲ့ဘူးဆိုရင် ကျွန်တော့်အမြင်အရ အခုအချိန်မှာ ကျွန်တော်တို့ မြောက်ကိုရီးယားနဲ့ စစ်ပွဲကြီးဖြစ်နေပြီ" လို့လည်း ထရန့်က ၎င်းရဲ့မိန့်ခွန်းမှာ ပြောခဲ့ပါတယ်။



ကင်မ်နဲ့ ဒုတိယအကြိမ် ထိပ်သီးတွေ့ဆုံမယ့်ရက် ကြေညာမယ့်အကြောင်းကို အစောပိုင်းမှာ ပြုလုပ်ခဲ့တဲ့ ရုပ်မြင်သံကြား အင်တာဗျူးတစ်ခုအတွင်း သမ္မတထရန့်က ပြောထားဖူးပါတယ်။ ထရန့်က ကင်မ်နဲ့ ထိပ်သီးဆွေးနွေးပွဲ အသေးစိတ်ကို ၎င်းရဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ ကြေညာသွားနိုင်ရန် မျှော်လင့်ထားတယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။

(စင်ကာပူမှာ ပထမအကြိမ် ထိပ်သီးတွေ့ဆုံခဲ့စဉ်က ထရန့်နဲ့ကင်မ်) (Photo: AFP)

ထရန့်က မြောက်ကိုရီးယားခေါင်းဆောင်နဲ့ ဒုတိယအကြိမ် ထိပ်သီးတွေ့ဆုံမယ့်ရက်ကို ကြေညာခဲ့ပေမဲ့ ဗီယက်နမ်နိုင်ငံရဲ့ မည်သည့်မြို့မှာ ၎င်းတို့နှစ်ဦး တွေ့ဆုံမယ်လို့ အတိအကျ မသိရသေးပါဘူး။ ထရန့်နဲ့ကင်မ် ပထမဆုံးအကြိမ် ထိပ်သီးတွေ့ဆုံပွဲကို ယမန်နှစ် ဇွန်လ ၁၂ ရက်နေ့က စင်ကာပူနိုင်ငံမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ထိုစဉ်က သဘောတူညီထားမှုအတိုင်း မြောက်ကိုရီးယားက ၎င်းရဲ့နျူကလီးယားလက်နက် အစီအစဉ်တွေကို စွန့်လွှတ်သွားရေးလုပ်ဆောင်မှုမှာ ခိုင်လုံတဲ့ တိုးတက်မှုမမြင်တွေ့ရခြင်းအပေါ် နှစ်နိုင်ငံကြား သဘောကွဲလွဲမှုတွေလည်း မြင့်တက်နေခဲ့ပါတယ်။ ထိုအခြေအနေမှာ ထရန့်နဲ့ကမ်မ်တို့က ဒုတိယအကြိမ် ထိပ်သီးတွေ့ဆုံရန် စိတ်အားထက်သန်နေကြတာလည်း ဖြစ်ပါတယ်။

(မြောက်ကိုရီးယားဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် Stephen Biegun) (Photo: EPA-EFE)

ကွန်မြူနစ်နိုင်ငံဖြစ်တဲ့ ဗီယက်နမ်ဟာ အမေရိကန်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံလုံးနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိထားပြီး ထရန့်နဲ့ကင်မ် ထိပ်သီးတွေ့ဆုံပွဲကို အိမ်ရှင်အဖြစ် လက်ခံစီစဉ်ပေးလိုကြောင်း ပြောထားခဲ့ပါတယ်။ ထိုအတောအတွင်း မြောက်ကိုရီးယားဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် Stephen Biegun က ပြုံးယမ်းမြို့ကို ရောက်ရှိနေပြီး နျူကလီးယားအရေး မြောက်ကိုရီးယား အစိုးရတာဝန်ရှိသူတွေနဲ့ ဆွေးနွေးရန်စီစဉ်ထားကြောင်းလည်း AFP သတင်းက ဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က