ရိုက်ကူးရေးက အစ သေချာလုပ်ပေးခဲ့တာနော်။

G Fatt က ချစ်သူလေးအတွက် သီချင်းရေးပေးရုံသာမက ရိုက်ကူးရေးကိုလည်း သေချာလုပ်ပေးခဲ့တာပါ။ နန်းဆုတင်ထားတဲ့ Behind the Scenes ကို ကြည့်ပြီး G Fatt ရဲ့ ကြိုးစားမှုလေးကို တွေ့မြင်နိုင်ပါတယ်။

Photo ; နန်းဆုရတီစိုး

နန်းဆုဆိုထားတဲ့ “ကမ်းမဲ့လှေ” သီချင်းဟာ G Fatt ကိုယ်တိုင်ရေးပေးထားတဲ့ သီချင်းလေး ဖြစ်ပြီး MTV ရိုက်ကူးရေးမှာလည်း G Fatt ရဲ့ ကြိုးစားအားထုတ်ထားမှုတွေကို တွေ့ရပါတယ်။ G Fatt ဟာ ချစ်သူအတွက် သီချင်းရေးပေးရုံသာမက MTV အတွက်ကိုပါ အင်တိုက်အားတိုက်နဲ့ ပါဝင်ကူညီပေးခဲ့တာပါ။

“ကမ်းမဲ့လှေ” သီချင်းရိုက်ကူးရေး အစအဆုံးကို G Fatt ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး ရိုက်ပေးနေသလိုပါပဲ။ နန်းဆုရဲ့ မျက်နှာအမူအရာ၊ ရိုက်ကွင်းအနေအထား အားလုံးကို  G Fatt က အသေးစိတ် ကြည့်ပြီး ရိုက်ပေးခဲ့တာပါ။ နန်းဆုရဲ့ “ကမ်းမဲ့လှေ” MTV ရဲ့ Behind the Scenes ဗီဒီယိုလေးကို သူမရဲ့ ဖေ့စ်ဘွတ်မှာ မေလ(၁၄) ရက်နေ့က တင်ထားတာတွေ့ရပါတယ်။

Photo ; နန်းဆုရတီစိုး

မေလ(၁၂) ရက်နေ့ ထွက်ရှိလာတဲ့ နန်းဆုရတီစိုးရဲ့ “ကမ်းမဲ့လှေ” သီချင်းက ပရိသတ်တွေကြား အောင်မြင်ခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။ အဲဒီ ဗီဒီယိုလေးကို နန်းဆုရဲ့ ဖေ့စ်ဘွတ်မှာ တင်ပြီး (၂၄) နာရီအတွင်းမှာ ကြည့်ရှုသူဦးရေ တစ်သန်းကျော်သွားခဲ့ပါပြီ။

နားလည်မှုတွေနဲ့ တည်ဆောက်ထားတဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးကို ပရိသတ်တွေက စိတ်ဝင်စားကြပါတယ်။ အရမ်းကို လိုက်ဖက်လွန်းလှတဲ့ သူတို့ စုံတွဲလေးကိုလည်း အားမကျတဲ့ ပရိသတ်မရှိသလောက်ပါပဲ။ သူတို့နှစ်ယောက်ဟာ ရှိုးပွဲတွေ တော်တော်များများမှာလည်း နှစ်ယောက်တွဲ ဖျော်ဖြေခဲ့ကြဖူးသလို သူတို့နှစ်ယောက်တွဲပြီး သီချင်းသစ်တွေလည်း ဖန်တီးနေတယ်လို့ သိရပါတယ် ။

Photo ; နန်းဆုရတီစိုး

G-Fatt နဲ့ နန်းဆုရတီစိုးတို့ရဲ့ အချစ်ရေးကို ရူးအောင်ချစ်ရသူ သီချင်းနဲ့ဆက်စပ်ပြီး ပရိသတ်တွေ စိတ်ဝင်စားခဲ့တာဖြစ်ပါတယ်။ နန်းဆုရတီစိုးက လက်ရှိမှာ သီချင်းများ ဖန်တီးနေပြီး သီချင်းခွေအသစ်ထွက်ဖို့လည်း စီစဉ်နေတယ်လို့ ဆိုပါတယ်။ G Fatt ကလည်း ဂီတလောကထဲမှာ လူငယ်ကောင်မလေးတွေရဲ့ အားပေးမှု အခိုင်အမာရရှိထားသူတစ်ဦး ဖြစ်ပါတယ်။

Share

Loading Next Article...
က္က