လေ့ကျင့်ရေးကွင်းက ပွဲမှာ အဆိုပါနေရာကို ထားရှိအသုံးပြုခဲ့ပါတယ်။

ယူနိုက်တက်ကစားသမားဘဝမှာ No.10 Role နေရာကို ပေါ့ဂ်ဘာက မကြာခဏကစားခဲ့ဖူးပြီး လွတ်လွတ်လပ်လပ်ကစားခွင့်ရရှိရင် သူက ပိုကောင်းတဲ့ကစားသမားဖြစ်တယ်ဆိုတာကို သက်သေပြခဲ့ဖူးပါတယ်။


ယူနိုက်တက်နည်းပြဆိုးလ်ရှားဟာ ပေါ့ဂ်ဘာကို No.10 နေရာမှာ ပြောင်းလဲကစားစေဖို့ စီစဉ်နေဖွယ်ရှိပါတယ်။ ဒဏ်ရာကနေ ပြန်လည်သက်သာလာတဲ့ ပေါ့ဂ်ဘာကို ဘရူနိုဖာနန်ဒက်စ်နဲ့ တွဲဖက်ကစားစေဖို့ ဆိုးလ်ရှားက မျှော်လင့်နေပြီး ဒီကွင်းလယ်အတွဲအဖက်က ယူနိုက်တက်ကို ချန်ပီယံလိဂ်ဝင်ခွင့်ရရှိစေဖို့ စွမ်းဆောင်ပေးနိုင်မယ်လို့ သူ ကိုယ်တိုင်က မျှော်လင့်နေတာပါ။ 

လက်ရှိမှာ ယူနိုက်တက်က အဆင့်လေးနေရာက ချယ်လ်ဆီးထက် ၃ မှတ်လျော့နည်းပြီး အဆင့်ငါးနေရာမှာ ရှိနေတာပါ။ ဆိုးလ်ရှားက ပေါ့ဂ်ဘာ နဲ့ ဖာနန်ဒက်စ်တို့ အတူတူကစားနိုင်မယ့် နည်းစနစ်ပိုင်းတစ်ခုကို ဖန်တီးနေပြီး ကွင်းလယ်တိုက်စစ်ပိုင်းနေရာအသစ်တစ်ခုမှာ ပေါ့ဂ်ဘာကို ထားရှိဖို့ ဆုံးဖြတ်ဖွယ်ရှိတယ်လို့ The Sun က ဖော်ပြခဲ့ပါတယ်။ 

ပြီးခဲ့တဲ့စနေနေ့က ကစားခဲ့တဲ့ ယူနိုက်တက်အသင်းရဲ့ နှစ်ဖက်ခွဲကစားခဲ့တဲ့ လေ့ကျင့်ရေးပွဲစဉ်မှာ ပေါ့ဂ်ဘာက ဗဟိုတိုက်စစ်မှူးနောက်နေရာမှာ ကစားပေးခဲ့ပါတယ်။ ပေါ့ဂ်ဘာအနေနဲ့ ဘောက်ဆင်ဒေးပွဲစဉ်ကစပြီးတော့ ပွဲကစားရခြင်းမရှိခဲ့သူဖြစ်လို့ ခွန်အားအပြည့်အဝနဲ့ ကစားပေးနိုင်ခြင်းမရှိခဲ့ပေမယ့် ဆိုးလ်ရှားကတော့ ပေါ့ဂ်ဘာရဲ့ နေရာအသစ်မှာကစားပုံကို သဘောကျခဲ့တယ်လို့ ဆိုပါတယ်။ 

ယူနိုက်တက်ကစားသမားဘဝမှာ No.10 Role နေရာကို ပေါ့ဂ်ဘာက မကြာခဏကစားခဲ့ဖူးပြီး လွတ်လွတ်လပ်လပ်ကစားခွင့်ရရှိရင် သူက ပိုကောင်းတဲ့ကစားသမားဖြစ်တယ်ဆိုတာကို သက်သေပြခဲ့ဖူးပါတယ်။ စဉ်းစားစရာရှိတာကတော့ အဆိုပါနေရာမှာ သူ့ခြေစွမ်းက တည်ငြိမ်မှုနည်းပါးခဲ့တာဖြစ်ပါတယ်။ ဖာနန်ဒက်စ်ကတော့ ဇန်နဝါရီကမှ ယူနိုက်တက်ကို ရောက်ရှိခဲ့တာဖြစ်ပြီး ခြေစွမ်းပြနေခဲ့သူဖြစ်ပါတယ်။ 

တို်က်စစ်အားသန်ကွငး်လယ်လူဖြစ်ပြီး ကိုယ်တိုင်ဂိုးသွင်းနိုင်သလို ဖန်တီးပေးနိုင်စွမ်းလည်းမြင့်မားသူဖြစ်ပါတယ်။ ဒါပေမယ့် ဆိုးလ်ရှားက သူ့ကိုတော့ ပေါ့ဂ်ဘာရဲ့နောက် သုံးယောက်တန်းကွင်းလယ်ရဲ့ No.8 Role နေရာမှာ ကစားစေဖို့ ဆုံးဖြတ်ထားပြီး Playmaker အဖြစ် ထားရှိလိမ့်မယ်လို့ လည်း The Sun က ဖော်ပြခဲ့ပါတယ်။ ဒါဆိုရင် ယူနိုက်တက်ကွင်းလယ်ပိုင်းမှာ အပြောင်းအလဲတွေကို မြင်တွေ့ရဖို့ရှိနေပြီး တကယ်အလုပ်ဖြစ်မလားဆိုတာကိုတော့ ပြန်လည်စတင်ကစားချိန်မှာ စောင့်ကြည့်ရတော့မှာပဲဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က