HMD ရဲ့ ပထမဆုံး 5G ဖုန်းဖြစ်တဲ့ Nokia 8.3 5G ကို ဈေးကွက်မှာ ဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။
Nokia 8.3 5G ကို ဒီနှစ်ဆန်းပိုင်းကတည်းက ကြေညာခဲ့တာ ဖြစ်ပေမယ့် ဈေးကွက်ထဲ အဝင်နောက်ကျနေတာပါ။ ဒီဖုန်းဟာ ၆.၈၁ လက်မအကြီးစား display သုံးထားပြီး punch-hole ကင်မရာဒီဇိုင်းနဲ့ ထွက်ထားတာ ဖြစ်ပါတယ်။ 5G support ပေးထားတဲ့ Snapdragon 765G Processor ၊ RAM 8GB/128GB storage နဲ့ လာပါတယ်။
Nokia 3.4 (Photo: The Verge)
18W fast charging ပါတဲ့ 4500mAh ဘက်ထရီ သုံးထားပြီး ဘေးဘောင်လက်ဗွေခလုတ် ပါရှိပါတယ်။ ရှေ့ဘက် punch-hole မှာ 24MP selfie ကင်မရာ ၊ ကျောဘက်မှာ စက်ဝိုင်းပုံကင်မရာ Module နဲ့ ZEISS နည်းပညာ 64MP main sensor ၊ 12MP ultrawide ၊ 2MP macro နဲ့ 2MP depth sensor ဆိုပြီး ကင်မရာ ၄ လုံး သုံးထားပါတယ်။
Nokia 8.3 5G ကို Global ဈေးနှုန်း ပျမ်းမျှ ယူရို ၆၀၀ ( မြန်မာငွေ ၉ သိန်းကျော်) ဈေးနဲ့ ရောင်းချသွားမယ်လို့ HMD က ဆိုပါတယ်။ Nokia ကနေ budget ဗားရှင်း Nokia 3.4 နဲ့ Nokia 2.4 ဆိုပြီး ဖုန်းသစ်နှစ်မျိုးလည်း မိတ်ဆက်သွားပါတယ်။ Nokia 3.4 ဟာ Nokia 8.3 ဒီဇိုင်းအတိုင်း ရှေ့ဘက် punch-hole နဲ့ ကျောဘက် စက်ဝိုင်းပုံကင်မရာနဲ့ လာပါတယ်။
မျက်နှာပြင် ၆.၃၉ လက်မ LCD display ပါရှိပြီး 720p+ ရုပ်ထွက်သုံးထားပါတယ်။ Snapdragon 460 SoC နဲ့ လာပြီး RAM 3GB/64GB storage နဲ့ အတူ microSD card ကနေ 512GB အထိ storage မြှင့်နိုင်မှာပါ။ 8MP selfie ကင်မရာ ၊ ကျောဘက် 13MP main sensor ၊ 5MP ultrawide နဲ့ 2MP သုံးလုံးတွဲကင်မရာတို့ ပါရှိပါတယ်။
Nokia 2.4 (Photo: The Verge)
Fingerprint sensor ၊ Face Unlock လုံခြုံရေစနစ်တို့နဲ့အတူ 4000mAh ဘက်ထရီ သုံးထားပါတယ်။ Nokia 3.4 ဟာ Charcoal ကြာလာနဲ့ လာပြီး RAM 3GB/32GB storage ကို ယူရို ၁၆၀ (မြန်မာငွေ ၂ သိန်းခွဲခန့်) ဈေးနဲ့ ရောင်းချသွားမှာပါ။ Nokia 2.4 ဟာ 4500mAh ဘက်ထရီ ၊ ၆.၅ လက်မ screen နဲ့ MediaTek Helio P22 chipset သုံးထားပြီး RAM 2 GB/32GB storage ပါရှိပါတယ်။
Android 10 စနစ်နဲ့လာပြီးကျောဘက်မှာ ထောင်လိုက် 13MP main sensor ၊ 2MP depth senosr တို့နဲ့အတူ fingerprint scanner တပ်ဆင်ထားပါတယ်။ ရှေ့ဘက် waterdrop notch ထဲမှာ 5MP selfie ကင်မရာ ပါရှိပြီး ယူရို ၁၂၀ (မြန်မာငွေ ၁ သိန်း ၈ သောင်းခွဲ) ဈေးနဲ့ ရောင်းချသွားမှာပါ။