စက်တင်ဘာ ၁၄ ရက် မိတ်ဆက်မယ်လို့ သတင်းထွက်နေပါတယ်

စက်တင်ဘာ ၁၄ ရက်နေ့မှာ Apple ဟာ ပွဲကြီးပွဲကောင်းတစ်ခုကို ကျင်းပသွားဖို့ ရှိပါတယ်။ 

ကောလာဟလတွေအရ Apple ဟာ iPhone 13 စီးရီးမှာ အပြောင်းအလဲကြီးကြီးမားမား မိတ်ဆက်သွားမယ်လို့ ဆိုပါတယ်။ အရင်ကြားခဲ့တဲ့ သတင်းတွေမှာ iPhone 13 ဟာ အရင်မော်ဒယ်တွေထက် သေးတဲ့ notch နဲ့ လာမယ်လို့ ဆိုပေမယ့် မကြာသေးခင်က Apple TV+ ပေါ်က Comedy Series တစ်ခုပေါ် ပေါက်ကြားလာတဲ့ iPhone ပုံမှာတော့ Notch-less screen သုံးထားတာ တွေ့ရပါတယ်။



Photo: gizchina


Gizmochina သတင်းအရ Apple TV+ ပေါ်မှာ လွှင့်တင်တဲ့ Ted Lasso ဆိုတဲ့ ဇာတ်မြူးရုပ်ရှင်စီးရီး ဇာတ်ဝင်ခန်းတွေမှာ iPhone 13 လို့ ယူဆရတဲ့ ဖုန်းတစ်လုံးပုံ ပါခဲ့ပါတယ်။ The Signal လို့ ခေါ်တဲ့ Season အပိုင်း ၆ မှာ ရုပ်ရှင်ကြည့်သူတွေဟာ မတူတဲ့ ဇာတ်ဝင်ခန်းနှစ်နေရာမှာ Notch မပါတဲ့ iPhone 13 မော်ဒယ်ကို မြင်တွေ့ခဲ့တာပါ။ ဒီဖုန်းမှာ iPhone custom UI နဲ့လာပြီး notch မပါတာကိုလည်း သတိထားမိသွားကြတာပါ။

ကျောဘက်မှာ စတုရန်းပုံကင်မရာအိမ်နဲ့အတူ Dual Camera Setup သုံးထားတာလည်း တွေ့ရတာကြောင့် ဒါဟာ အနိမ့်ဆုံး iPhone 13 မော်ဒယ်ဖြစ်မယ်လို့ ယူဆရပါတယ်။ Apple ဟာ ၂၀၁၇ ခုနှစ်ကစပြီး iPhone X နဲ့အတူ Notch ပါတဲ့ ဒီဇိုင်းကို သုံးလာတာပါ။ အကြီးစား notch bump အိမ်ထဲမှာ Selfie ကင်မရာနဲ့ Face ID အတွက် အဓိကအစိတ်အပိုင်းတွေ တပ်ဆင်ထားပါတယ်။ 


Photo: gizchina

၄ နှစ်ကြာ သုံးလာတဲ့ Notch Screen ဒီဇိုင်းကို ၂၀၂၁ iPhone မော်ဒယ်တွေမှာ အပြောင်းအလဲလုပ်တော့မလားဆိုတာ မသိရသေးပါဘူး။ အန်းဒရိုက် OEM တွေကတော့ ကြည့်ရဆိုးတဲ့ Notch အစား ၊ Pop-up ကင်မရာ ဒီဇိုင်း ၊ Punch-Hole display ဒီဇိုင်းစသည်ဖြင့် အဆင့်ဆင့် မြှင့်တင်လာခဲ့ပြီး အခုဆို မှန်ပြင်အောက်ကင်မရာစနစ်ကြောင့် Full-Screen ဖုန်းတွေပါ ထွက်လာပြီ ဖြစ်ပါတယ်။

စက်တင်ဘာ ၁၄ ရက် iPhone သစ် မိတ်ဆက်မယ်လို့ သတင်းပြေးနေတဲ့ Apple ကရော ဘယ်လိုအပြောင်းအလဲတွေ လုပ်လာမလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က