၆၉၉ နဲ့ ၇၉၉ ဒေါ်လာဈေးတွေကနေ စတင်ရောင်းချသွားမှာပါ

iPhone 12 series အတိုင်း flat-edge ဒီဇိုင်း သုံးထားပြီး IP68 water resistance ပါဝင်ပါတယ်။

           ကျောဘက်ကင်မရာ lens တွေကို ကန့်လန့်ဖြတ် diagonal ဆင်ထားတဲ့ iPhone 13 သစ်ကို မိတ်ဆက်လိုက်ပါတယ်။ iPhone 13 ဟာ pink, blue, midnight, starlight, red စတဲ့ ကာလာသစ်တွေနဲ့ ထွက်လာတာ ဖြစ်ပြီး iPhone 12 series အတိုင်း flat-edge ဒီဇိုင်း သုံးထားပါတယ်။ iPhone 13 နဲ့ 13 Mini ဟာ ၂၈% တောက်ပမှု ပိုအားကောင်းတဲ့ Super Retina XDR display နဲ့လာပါတယ်။ အမြင့်ဆုံးတောက်ပမှုက 1200 nits ဖြစ်တယ်လို့ ဆိုပါတယ်။ screen ဆိုဒ်ကတော့ အပြောင်းအလဲမရှိ ၅.၄ နဲ့ ၆.၁ လက်မတွေပဲ ဆက်သုံးထားပြီး notch က ၂၀% ပိုသေးတယ်လို့ ပြောပါတယ်။



Photo: MacRumors


 

           processor ကတော့ A15 Bionic chipset သစ် ပါ။ A15 chipset ဟာ transistor ၁၅ ဘီလျံနီးပါး ပါပြီး 5nm process နဲ့ ထုတ်ထားတဲ့ 6-Core CPU သစ်ဖြစ်ပါတယ်။ ဒီ chipset မှာ High-Performance cores ၂ ခုနဲ့ High-Efficiency cores ၄ ခု ပါရှိပါတယ်။ Apple ရဲ့ အဆိုအရ ပြိုင်ဘက်တွေထက် ၅၀% ပိုမို မြန်ဆန်ပြီး စမတ်ဖုန်းတွေထဲမှာ အမြန်ဆုံး CPU လို့ ဆိုပါတယ်။ Graphic ပိုင်းမှာလည်း သူက ဆရာကြီးပါတဲ့။

           လက်ရှိထိပ်တန်း ပြိုင်ဘက်တွေရဲ့ Graphics ထက် ၃၀% ပို မြန်ဆန်မယ်လို့ ဆိုပါတယ်။ 16-Core Neural Engine ဟာ တစ်စက္ကန့်ကို လုပ်ဆောင်ချက်ပေါင်း ၁၅.၈ ထရီလီယံအထိ လုပ်နိုင်မယ်လို့လည်း ကြေညာသွားပါတယ်။ iPhone 13 နဲ့ 13 mini ဟာ မျိုးဆက်သစ် ISP သစ်နဲ့လာပြီး နှစ်လုံးတွဲ Dual-Camera စနစ် သုံးထားပါတယ်။ Video ရိုက်ကူးမှုပိုင်းမှာ Cinematic Mode လို လှုပ်ရှားနေတဲ့ပုံရိပ်တွေကို အမြန် depth of focus ဖမ်းနိုင်မယ်လို့ ဆိုပါတယ်။

           5G ရတဲ့ iPhone တွေ ဖြစ်ပြီး bands တွေ ပိုစုံစုံလင်လင် support ပေးနိုင်ဖို့ custom antennas နဲ့ ရေဒီယိုအစိတ်ပိုင်းတွေလည်း ထပ်ပြီး ဆန်းသစ်ထားပါတယ်။ ဒီနှစ်အတွက် Apple ရဲ့ အဓိက iPhone သစ် ကြေညာမှု ကြားခဲ့ရတာကတော့ ပိုပြီးအားကောင်းတဲ့ chip ၊ ပိုမြန်ဆန်တဲ့ 5G စနစ် ၊ ပိုတောက်ပတဲ့ display နဲ့ ပိုစွမ်းဆောင်ရည်မြင့်လာတဲ့ ကင်မရာစနစ်ဆိုတာပါပဲ။


Photo: MacRumors

           ဘက်ထရီပါဝါအနေနဲ့ ပြောသွားတဲ့အထဲမှာ iPhone 13 mini ဟာ iPhone 12 mini ထက် ဘက်ထရီအား ၁ နာရီခွဲ ပိုခံပြီး iPhone 13 က iPhone 12 ထက် ဘက်ထရီအား ၂ နာရီခွဲ ပိုခံမယ်လို့ ပါပါတယ်။ Battery Life ပိုကောင်းလာတယ်ဆိုတဲ့ အချက်ကလည်း iPhone users တွေအတွက် စိတ်ဝင်စားစရာပါပဲ။ ဒီနှစ်ကစပြီး iPhone သစ်တွေမှာ 64GB မပါတော့ဘဲ 128GB ကနေ စတင် ဝယ်ယူနိုင်မှာ ဖြစ်ပြီး storage option သစ်အနေနဲ့ 512GB လည်း ထွက်ရှိထားပါတယ်။

 

           ဈေးနှုန်းအနေနဲ့ iPhone 13 mini ကို ၆၉၉ ဒေါ်လာ (မြန်မာငွေ ၁၃ သိန်းခန့် ) နဲ့ iPhone 13 တို့ကို ၇၉၉ ဒေါ်လာ (မြန်မာငွေ ၁၅ သိန်းနီးပါး) ဈေးတွေကနေ စတင်ရောင်းချသွားမယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က