Nothing Phone (1) ကို ဝိတ်လျှော့ထားတဲ့ Lite Version မော်ဒယ်ကို မိတ်ဆက်သွားဖို့ ရှိတယ်လို့ သတင်းထွက်နေပါတယ်။
Nothing ကုမ္ပဏီအနေနဲ့ လောလောဆယ် Nothing Phone (2) အစား Nothing Phone (1) ကို Specs လျှော့ထားတဲ့ Lite Version ထုတ်ဖို့ လုပ်နေတယ်လို့ ဆိုပါတယ်။ ကျောဘက် LED Glyph Interface နဲ့ ထူးခြားတဲ့ ဒီဇိုင်း သုံးထားတဲ့ Nothing Phone (1) ကို Lite Version အနေနဲ့ မြင်ရဖို့ ရှိတယ်ဆိုတဲ့ သတင်းတွေနဲ့အတူ Lite Version မှာ ပါလာနိုင်တဲ့ Features တချို့အကြောင်းလည်း ကြားရလာပြီ ဖြစ်ပါတယ်။
Lite Version ဟာ ကျောဘက် ဗြောင်မှန်ကာလာနဲ့လာပြီး Wireless Charging မပါတာကလွဲရင် Nothing Phone (1) နဲ့ အတူတူပဲလို့ ပြောရမှာပါ။ Lite Version ကို 33W Charging အထောက်အပံ့နဲ့ လာမှာ ဖြစ်ပေမယ့် ဖုန်းဗူးထဲမှာ 42W Charger တစ်ခု ပါရှိမယ်လို့ ဆိုပါတယ်။ Lite Version မှာ ဆွဲဆောင်မှုရှိတဲ့ Features တချို့ မပါတာက လွဲရင် ဈေးလည်း ပိုသက်သာတဲ့ မော်ဒယ်အဖြစ် မြင်ရမှာပါ။
Nothing Phone (1) Lite ဗားရှင်းရဲ့ RAM 6GB/128GB Storage ဗားရှင်းအတွက် အိန္ဒိယမှာ ရူပီး ၂၅၀၀၀ (မြန်မာငွေ ၆ သိန်းဝန်းကျင်တန်) ဈေးနဲ့ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။ လက်ရှိဈေးကွက်ထဲမှာ ဝင်လာတဲ့ Nothing Phone (1) ကို ရူပီး ၃၃၀၀၀ (မြန်မာငွေ ၇ သိန်း ၈ သောင်းကျော်) ဈေးနဲ့ ထွက်ထားပြီး RAM 8GB နဲ့ ဈေးကွက်ဝင်ထားတာပါ။ တခြားသတင်းအရင်းအမြစ်တွေအရ Nothing Phone (1) Lite ဗားရှင်းသစ်ဟာ ပိုကြီးတဲ့ 5000mAh ဘက်ထရီ သုံးသွားမယ်လို့ ဆိုပါတယ်။
လောလောဆယ် သတင်းတွေအရ Nothing Phone (1) Lite ဗားရှင်းကို ၆.၅၅ လက်မ FHD+ OLED Display ၊ 120Hz Refresh Rate ၊ Snapdragon 778G+ Chipset ၊ Dual 50MP ကျောဘက်ကင်မရာ နဲ့ 16MP Selfie ကင်မရာတွေ သုံးလာတာ တွေ့ရဖို့ရှိပါတယ်။ ဆော့ဖ်ဝဲလ်ပိုင်းမှာ Android 12 အခြေခံ NothingOS နဲ့ လာဖို့ ရှိပြီး တရားဝင်သတင်းအချက်အလက်တွေကိုတော့ စောင့်ကြည့်ရဦးမှာပါ။