ဖုန်းလောကအတွက် Game Changer ဖြစ်လာမလား

iPhone အတွက် ပြိုင်ဘက်ကောင်းဖြစ်လာမယ်လို့ ထင်ကြေးပေးခံရတဲ့ Nothing Phone (1) ကို ဇူလိုင် ၁၂ ရက်နေ့ မိတ်ဆက်ဖို့ ပြင်နေပါတယ်။ 

OnePlus Co-founder ဟောင်း ကားလ်ပိုင်ရဲ့ Nothing ဖုန်းကုမ္ပဏီကနေ ပထမဆုံးစမတ်ဖုန်းအဖြစ် ထွက်လာမယ့် ဒီထုတ်ကုန်ဟာ လာမယ့် ဇူလိုင်လ ၁၂ ရက်မှာ အိန္ဒိယနဲ့ ကမ္ဘာ့ဈေးကွက်ထဲ ဖြန့်ချိဖို့ စီစဉ်ထားတာပါ။ လက်ရှိမှာ Nothing Phone (1) ကို အိန္ဒိယနိုင်ငံ တမီလ်နာဒူးပြည်နယ်အတွင်း ထုတ်လုပ်မှု လုပ်ဆောင်နေပြီး ဒီဇိုင်းအကြောင်း သတင်းအချို့ပါ ကြားသိရပြီ ဖြစ်ပါတယ်။ 





နောက်ဆုံးထွက်လာတဲ့ ကြော်ငြာပိုစတာအရဆို Nothing Phone (1) ဟာ ဘေးဘောင်ပြား Flat-Edge ဒီဇိုင်းကို သုံးလာမယ်လို့ အတည်ပြုထားပါတယ်။ ဖုန်းရဲ့ ငွေရောင်ဖရိမ်မှာလည်း အနားလုံးထားတဲ့ ထောင့်ကွေးတွေ ပါရှိမှာပါ။ Nothing Phone (1) မှာ Recycle ထုတ်ထားတဲ့ အလူမီနီယံ Mid-Frame နဲ့ ထွင်းဖောက်မြင်ကျောဘက်ကာဗာပါမယ်လို့ ဆိုပါတယ်။ ပိုစတာမှာ အပေါ်စွန်းလေးပဲ ပြထားတာ ဖြစ်လို့ ကင်မရာဘယ်နှစ်လုံး သုံးမလဲဆိုတာကတော့ မှန်းရခက်ပါတယ်။ 

တချို့ကတော့ ဒီဖုန်းမှာ Dual Rear နှစ်လုံးတွဲကင်မရာ နဲ့အတူ LED Flash တစ်ခု ကျောဘက်မှာ ပါမယ်လို့ ပြောထားတာ ရှိပါတယ်။ ကျောဘက် Panel ဟာ သံလိုက်နဲ့ ချိတ်ဆက်နိုင်မယ့် Magnetic Connectors တစ်စုံ ပါလာဖို့ ရှိပါတယ်။Nothing Phone (1) ဟာ ကြိုးမဲ့အားသွင်းနည်းပညာ အထောက်အပံ့ပေးလာဖို့ ရှိပြီး ကြိုးနဲ့အားသွင်းမှုအတွက် 45W Wired Charging Support ပါရှိနိုင်ပါတယ်။ 



Nothing ဖုန်းသစ်ဟာ မှန်ပြင်နဲ့ ကိုယ်ထည်အချိုး မြင့်တဲ့ ထုတ်ကုန်တစ်ခုအဖြစ် မြင်ရဖို့ ရှိပြီး ရှေ့ဒီဇိုင်းအကြောင်းကတော့ မသိရသေးပါဘူး။ ဒီဖုန်းဟာ ၆.၅၅ လက်မ 120Hz OLED Display သုံးပြီး Qualcomm ရဲ့ အမြင့်ဆုံး Snapdragon Chipset နဲ့ ထွက်လာနိုင်ပါတယ်။ ဘက်ထရီပါဝါနဲ့ ကင်မရာအကြောင်းကတော့ ဆက်ပြီး သတင်းစောင့်ရဖို့ ရှိပါတယ်။ 

လက်ရှိကြားနေရတဲ့ အတိုင်းဆို Nothing Phone (1) ဟာ ဥရောပဈေးကွက်မှာ ယူရို ၅၅၀ ဝန်းကျင် (မြန်မာငွေ ၁၁ သိန်းခန့်) ဈေးနဲ့ ရောင်းချသွားမယ်လို့လည်း သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က