Nothing ကုမ္ပဏီရဲ့ ပထမဆုံးစမတ်ဖုန်းအလုံး ၁၀၀ အတွက် လေလံပွဲဟာ စိတ်ဝင်စားစရာကောင်းလာပြီ ဖြစ်ပါတယ်။ 

OnePlus Co-founder ဟောင်း ကားလ်ပိုင်ရဲ့ ကုမ္ပဏီသစ် Nothing ဟာ လာမယ့် ဇူလိုင် ၁၂ ရက်နေ့မှာ Nothing Phone (1) ထုတ်ကုန်သစ်ကို တရားဝင်မိတ်ဆက်သွားတော့မှာပါ။ တရားဝင်မိတ်ဆက်ပွဲ မလုပ်ခင်မှာ Nothing ကုမ္ပဏီဟာ ပထမဆုံး Nothing Phone (1) မော်ဒယ် အလုံး ၁၀၀ ကို StockX နဲ့ ပေါင်းပြီး လေလံတင်ခဲ့တာ ဖြစ်ပါတယ်။ 





StockX နဲ့ Nothing တို့ရဲ့ လေလံပွဲဟာ ဇွန်လ ၂၁ ရက်ကနေ ၂၃ ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပြီး လက်ရှိ လေလံပွဲအဖွင့်မှာ ကြမ်းခင်းဈေး ၁၅၆ ဒေါ်လာနဲ့ စတင်ခဲ့တာပါ။ အခု စာရေးနေချိန် ကြားရသလောက်တော့ Nothing Phone (1) ကို အမြင့်ဆုံး ၂၆၇၉ ဒေါ်လာ (မြန်မာငွေ သိန်း ၅၀ ကျော်) ပေးပြီး လေလံဆွဲသူတွေ ရှိတယ်လို့ BGR သတင်းမှာ ဖော်ပြထားပါတယ်။ 

လေလံတင်ထားတဲ့ Nothing Phone (1) မော်ဒယ်တွေဟာ ကုမ္ပဏီက ပထမဆုံး ထုတ်ထားတဲ့ နံပါတ်စဉ်လိုက်မော်ဒယ်တွေ ဖြစ်ပြီး ညာဘက်ဘေးဘောင်မှာ လေဆာနဲ့ Edition (-/100)ဆိုပြီး ၁ ကနေ ၁၀၀ အထိ နံပါတ်စဉ်ပါ ထွင်းထားတာ ဖြစ်ပါတယ်။ လေလံအောင်တဲ့သူတွေဟာ ၃၅ ရက်အတွင်း ပစ္စည်းလက်ဝယ် ရရှိမယ်လို့ ဆိုပါတယ်။ Nothing Phone (1) ကို အန်းဒရိုက်ဖုန်းတွေထဲမှာ ကွဲပြားတဲ့ User Experience ပေးနိုင်မယ့် ဖုန်းတစ်လုံးအဖြစ် မျှော်လင့်ထားကြပြီး ဒီဇိုင်းအရလည်း ပရီမီယမ်ဆန်ပြီး ထူးခြားမှု ရှိနေပါတယ်။ 

ဆော့ဖ်ဝဲလ်ပိုင်းမှာ Dot Matrix စတိုင် Nothing OS နဲ့ လာပြီး Android 12 ‌ပေါ် အခြေခံထားတာ ဖြစ်ပါတယ်။ ကျောဘက်မှာ အားသွင်းချိန်နဲ့ မက်ဆေ့ချ် Noti ဝင်ချိန် အလင်းရောင်ထွက်လာမယ့် LED အစင်းတွေ ပါတဲ့ အလင်းဖောက်ကာဗာဒီဇိုင်းနဲ့ လာပါတယ်။ Nothing Phone (1) ရဲ့ ကျောဘက်အလင်းရောင်ထွက်တဲ့ Backlight System ကို Glyph လို့ ခေါ်ပြီး Back Panel ပေါ်မှာ စုစုပေါင်း LEDs မီးလုံး ၉၀၀ သုံးထားတာပါ။ ဖုန်း Call နဲ့ Notification တွေဝင်လာရင် LED မီးတွေ လင်းလာမှာ ဖြစ်ပါတယ်။ 



မျက်နှာပြင်ဆိုဒ် ၆.၅၅ လက်မ FHD+ Punch Hole OLED Display သုံးထားပြီး 90Hz Refresh Rate ပါရှိမယ်လို့ ဆိုပါတယ်။ တချို့ သတင်းတွေကတော့ 120Hz Refresh Rate သုံးမယ်လို့ ဖော်ပြထားပါတယ်။ Upper Mid-Range ဖုန်းဖြစ်တဲ့အတိုင်း Qualcomm Snapdragon 7 Gen 1 သုံးလာဖို့ ရှိပြီး RAM 6GB နဲ့ 8GB ထွက်လာဖို့ ရှိပါတယ်။ Internal Storage ကတော့ 128GB က စပြီး ပါဖို့လည်း မျှော်လင့်ရပါတယ်။ ကင်မရာအနေနဲ့ ကျောဘက်မှာ 50MP Main Lens ပါ နှစ်လုံးတွဲကင်မရာ သုံးလာပြီး ဘက်ထရီပါဝါ 4500mAh အားဟာ 45W Fast Charging အားသွင်းစနစ် ပါလာနိုင်ပါတယ်။ 

ဈေးနှုန်းကိုတော့ မြန်မာငွေ ၇ သိန်းခွဲနဲ့အထက်ဈေးနဲ့ ထွက်ရှိဖို့ မျှော်လင့်ထားပြီး iPhone SE 2022 ထက် ဈေးပိုသက်သာမယ်လို့ ခန့်မှန်းထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က