Nothing ကုမ္ပဏီရဲ့ ပထမဆုံးစမတ်ဖုန်းကို မြန်မာငွေ ၇ သိန်းခွဲကနေ ၈ သိန်းခွဲဈေးနဲ့ ရောင်းချသွားမယ်လို့ သတင်းတွေ ထွက်လာပါတယ်။
ဇူလိုင် ၁၂ ရက်နေ့ တရားဝင် ဖြန့်ချိသွားမယ့် Nothing Phone (1) ကို ဒေါ်လာ ၄၀၀ နဲ့ ၄၅၀ ကြား ဈေး (မြန်မာငွေ ၈ သိန်းနီးပါးကနေ ၉ သိန်းဝန်းကျင်) သတ်မှတ်သွားဖို့ ရှိတယ်လို့ GSMArena က ဖော်ပြပါတယ်။ Snapdragon 778G+ Chipset သုံးလာမယ့် ဒီဖုန်းဟာ အိန္ဒိယမှာ ရူပီး ၃၁၀၀၀ (မြန်မာငွေ ၇ သိန်းခွဲနီးပါး) ဈေးကနေ စတင် ရောင်းချသွားမယ်လို့လည်း ပေါက်ကြားလာတဲ့ သတင်းတွေက ဖော်ပြနေကြပါတယ်။ ဒါက 8/128GB ဗားရှင်းအတွက် ဖြစ်ပါတယ်။
Nothing Phone (1) ရဲ့ 8/256GB ဗားရှင်းအတွက်ဆို ရူပီး ၃၂၀၀၀ (မြန်မာငွေ ၇ သိန်းခွဲကျော်) ပဲ ကျသင့်ဖို့ ရှိပါတယ်။ ဒေါ်လာဈေးနဲ့ဆို ဒေါ်လာ ၄၂၀ ဝန်းကျင် ဖြစ်ပါတယ်။ အမြင့်ဆုံးဗားရှင်းဖြစ်တဲ့ RAM 12GB /256GB Storage ဗားရှင်းအတွက်တော့ ရူပီး ၃၆၀၀၀ (မြန်မာငွေ ၈ သိန်းခွဲဝန်းကျင်) ဈေး ကျသင့်မယ်လို့ ဆိုပါတယ်။ ဒေါ်လာဈေးအတိုင်းဆို ဒေါ်လာ ၄၅၀ ခန့် ကျသင့်နိုင်ပါတယ်။
လောလောဆယ် ကြားထားတဲ့ သတင်းတွေအရ Nothing Phone (1) ကို ဇူလိုင် ၁၂ ရက် မိတ်ဆက်ဖို့ ရှိပါတယ်။ ဘက်ထရီပါဝါ 4500mAh သုံးထားပြီး 50MP Dual Rear Camera စနစ် နဲ့ ရှေ့ 16MP Punch-Hole ဆယ်လ်ဖီကင်မရာတို့ သုံးလာပါမယ်။ ဒီဇိုင်းကတော့ ဒီရက်ပိုင်း တရားဝင်ထွက်ပေါ်လာတဲ့ အတိုင်း အားသွင်းချိန်နဲ့ Noti တွေ တက်လာချိန် အလင်းရောင်ထွက်လာမယ့် LED Stripes ပါ အလင်းဖောက်ကာဗာဒီဇိုင်းနဲ့ လာမှာပါ။
Nothing Phone (1) ကို အိန္ဒိယနိုင်ငံ တမီလ်နာဒူးပြည်နယ်မှာ ထုတ်လုပ်တပ်ဆင်သွားမယ်လို့လည်း သတင်းရရှိထားပါတယ်။