Android Update 3 နှစ် ရမယ့် ဖုန်းအသစ်ကို Snapdragon 8+ Gen 1 SoC နဲ့ မိတ်ဆက်နိုင်ချေ ရှိပါတယ်

ဇူလိုင်လထဲ ထွက်ရှိဖို့ တာဆူနေတဲ့ Nothing Phone 2 အခက်လက် စုံလင်သလောက် ရှိနေပြီလို့ နောက်ဆုံးရ သတင်းအရ ကောက်ချက်ချရပါတော့မယ်။

လူကြိုက်များခဲ့တဲ့ Original ဖုန်းကို ဆက်ခံထားမယ့် မော်ဒယ်အသစ်မှာ Snapdragon 8+ Gen 1 SoC သုံးစွဲထားမယ်လို့ ကနဦး သတင်းအရ သိထားရတဲ့အတိုင်း Founder ကြီး “Carl Pei” အဆိုရ 4,700 mAh Battery ပါဝင်မယ်လို့ ဆိုထားပါတယ်။

ထူးခြားချက် - 100% Recycled Aluminum သတ္ထု Frame နဲ့ ဖွဲ့စည်းထားမယ့် ဖုန်းအသစ်မှာ Circuit Board တွက် 100% Recycled Copper Foil သုံးထားသလို 90% Recycled Steel ကို Stamping Part ၂၈ ခု ၊ ပလတ်စတစ် အပိုင်းစ 80% ပါဝင်ပြီး တခြား Circuit Board ၉ ခုတွက် 100% Tin သုံးထားတယ်လို့ သိရပါတယ်။

အခုလို Sustainability ပိုင်းနဲ့ ပတ်သက်လို့ ကျေနပ်စရာလို့ ပြောနိုင်တဲ့ Nothing Phone 2 ကို Android Update ကို ၃ နှစ် ၊ Security Update ကို ၄ နှစ် ထောက်ပံ့သွားမယ်လို့ ဆိုထားပါတယ်။

နောက်ဆုံး အနေနဲ့ Nothing Phone 2 မှာ Screen Resolution ဘယ်လောက် ၊ Refresh Rate မည်မျှနဲ့ မိတ်ဆက်မယ်လို့ တပ်အပ် မပြောသေးပေမယ့် နောက်ဆုံးရ သတင်းအရ 6.7” Display နဲ့ ကြေညာမယ်လို့ “Pei” အဆိုရ သိရပါတယ်။

Source: GSMArena

Share

Loading Next Article...
က္က