NothingOS နဲ့ Nothing ဖုန်းက စိတ်လှုပ်ရှားစရာထုတ်ကုန် ဖြစ်လာမလား

OnePlus Co-Founder ဟောင်း ကားလ်ပိုင်ကတော့ ဒီနှစ်နွေမှာ Nothing ကုမ္ပဏီရဲ့ ပထမဆုံးဖုန်းဖြစ်မယ့် Nothing Phone 1 ကို မိတ်ဆက်တော့မှာပါ။

မတ်လတတိယပတ်က Live Stream ပွဲတစ်ခုမှာ Nothing ကုမ္ပဏီကနေ စမတ်ဖုန်းထုတ်မယ့်အကြောင်း တရားဝင်ကြေညာခဲ့ပြီး ‌Nothing OS နာမည်နဲ့ အန်းဒရိုက်အခြေခံ User Experience နဲ့ လာမယ့်အကြောင်းပါ ပြောသွားပါတယ်။ ဒီနှစ် နွေပိုင်းမှာ မိတ်ဆက်သွားဖို့ ရှိတဲ့ Nothing Phone (1) ဟာ Apple ထုတ် iPhone ကို အကောင်းဆုံး ယှဉ်နိုင်မယ့် ထုတ်ကုန်လို့လည်း Nothing တည်ထောင်သူ ကားလ်ပိုင်က ပြောပါတယ်။ 





"ကျွန်တော်တို့ Apple နဲ့ အကောင်းဆုံးယှဉ်ပြိုင်နိုင်မယ့် ထုတ်ကုန်တည်ဆောက်နေပါတယ်။ သင့်အနေနဲ့ အချင်းချင်း ချိတ်ဆက်ပြီး ချောချောမွေ့မွေ့ အလုပ်လုပ်နိုင်တဲ့ ထုတ်ကုန်တွေ လိုချင်ရင် တစ်ခုတည်းသော ရွေးစရာက Apple ပဲ။ ဒီ ecosystem သာ Windows PC ဒါမှမဟုတ် အန်းဒရိုက်ဖုန်းမှာ ရှိရင် ဒါက ပြိုလဲပြီ။ Apple နဲ့ပြိုင်ပြီး ရွေးစရာမရှိဘူးလေ" လို့ Live stream ပွဲမှာ ကားလ်ပိုင်က ပြောခဲ့ပါတယ်။ 

နာမည်ကျော် အန်းဒရိုက်ဖုန်းကုမ္ပဏီ OnePlus ကို တည်ထောင်ခဲ့တဲ့ Founder တွေထဲက တစ်ဦးဖြစ်သူ ကားလ်ပိုင်ဟာ ၂၀၂၀ ပြည့်နှစ်မှာ OnePlus က ထွက်ပြီး Nothing နာမည်နဲ့ ကုမ္ပဏီတစ်ခု စတင်ခဲ့ပြီး လက်ရှိမှာ လူကြိုက်များနေတဲ့ Ear (1) Earbuds ထုတ်ကုန်ကို ဖြန့်ချိထားပါတယ်။ ထွင်းဖောက်မြင် Transparent Case နဲ့လာပြီး Active Noise Cancellation (ACN) လို အဆင့်မြင့် Features မျိုး သုံးထားတဲ့ Ear (1) ကို ၉၉ ဒေါ်လာ ဈေးနဲ့ ရောင်းချနေပါတယ်။ 

အသစ်ထွက်လာမယ့် ပထမဆုံး Nothing Phone (1) မှာလည်း ထွင်းဖောက်မြင်ဘော်ဒီနဲ့လာပြီး နောက်ဆုံးပေါ် Qualcomm ရဲ့ flagship processor သစ် Snapdragon 8 Gen 1 Chipset သုံးသွားမယ်လို့ သတင်းထွက်နေပါတယ်။ Nothing ဟာ တခြားအဓိက Hardware ပိုင်းအတွက် Samsung ၊ Sony ၊ Visionox တို့လို ထုတ်လုပ်ရေးပါတနာတွေနဲ့ပါ လက်တွဲထားတယ်လို့ ဆိုပါတယ်။ 



Nothing Phone (1) မှာ သုံးမယ့် Nothing OS Android Skin ဟာ Bloatware တွေ ဖယ်ရှားသွားပြီး ချောမွေ့သပ်ရပ်တဲ့ သုံးစွဲသူအတွေ့အကြုံပေးမယ်လို့ ကားလ်ပိုင်က ပြောပါတယ်။ ဖုန်းအတွက် OS Updates ၃ နှစ်နဲ့ Security Updates ၄ နှစ်လည်း ရမှာပါ။ UI ပိုင်းမှာ Dot-Matrix စတိုင် Retro ဒီဇိုင်းသုံးထားပြီး ဧပြီလထဲမှာ Nothing Launcher ကို အန်းဒရိုက်ဖုန်းသုံးသူတွေ ဒေါင်းလုပ်ဆွဲနိုင်အောင် ဖြန့်ချိပေးသွားမယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က