ဒီကနေ့ နိုဝင်ဘာလ (၁၅)ရက်နေ့မှ (၁၈)ရက်နေ့ထိ ရန်ကုန်၊မန္တလေး၊ နေပြည်တော်အပါအဝင် တိုင်းနဲ့ပြည်နယ် (၁၃)ခုမှာ လေပြင်းတိုင်ခိုက်ခြင်းနဲ့ အတူ မိုးကြီးနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေသညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ကြေညာထားပါတယ်။
ဒီကနေ့ မြန်မာစံတော်ချိန် (၁)နာရီ မိနစ်(၃၀)အချိန်က တိုင်းတာချက်အရ ကပ္ပလီပင်လယ် အလယ်ပိုင်းမှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဆက်လက်တည်ရှိနေပြီး နိုဝင်ဘာလ (၁၇)ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနဲ့ ဆက်စပ်လျှက်ရှိတဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းကို ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းကြောင်းသိရပါတယ်။
အဆိုပါလေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် တိုင်းနဲ့ပြည်နယ်အများစုမှာ မိုးကြီးနိုင်သလို မြစ်ဝကျွန်းပေါ်ဒေသတွေနဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ မိုးသက်လေပြင်းများကျရောက်နိုင်ပြီး လှိုင်းကြီးနိုင်ပါတယ်။
ဒီကာလမှာ မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းရွာခြင်းများဖြစ်နိုင်တာကြောင့် ပြည်သူတွေအနေနဲ့ ကြိုတင်သတိပြုနေထိုင်ကြဖို့နဲ့ လေကြောင်းလိုင်းများ၊ ပက်လယ်ပြင်ရှိ ကမ်းနီးကမ်းဝေးငါးဖမ်းယာဉ်များ ကြိုတင်သတိပြုကြဖို့ကိုလည်း မိုးဇလက အသိပေးထုတ်ပြန်ကြေညာထားတာ ဖြစ်ပါတယ်။
မိုးဇလရဲ့ အခုလို အသိပေးထုတ်ပြန်ချက်နဲ့အတူ ပြည်သူတွေအနေနဲ့ မုန်တိုင်းအန္တရာယ်ကို ကြိုတင်သတိပြုကာ လိုအပ်ပါက ပြောင်းရွှေ့နေထိုင်ကြဖို့နဲ့ သဘာဝဘေးအန္တရာယ်များကြုံလာရပါကလည်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မီးသတ်ဦးစီးဌာနအနေနဲ့ ကြိုတင်ပြင်ဆင်ထားကြောင်းကိုလည်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနကလည်း အသိပေးကြေညာထားပါတယ်။