ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းတို့ ဖြစ်ပါတယ်။

နိုဝင်ဘာ (၅)ရက်နေ့အထိ နောက် (၂)ရက်အတွင်း ရန်ကုန်တိုင်း ၊ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းတို့မှာ မိုးဆက်လက်ကြီးနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှသိရပါတယ်။ 

မိုးလွန် ကာလမှာ မုတ်သုံလေထွက်ခွါသွားပြီဖြစ်ပေမယ့် နေ့အပူရှိန်ကြောင့် မိုးတိမ်တိုက်တွေဖြစ်ထွန်းကာ အခုလိုမိုးရွာသွန်းရခြင်းဖြစ်တယ်လို့ မိုးလေဝသနှင်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဦးလှထွန်းက Duwun ကိုပြောပါတယ်။

“ မုန်တိုင်းကြောင့် မိုးကြီးလေကြမ်းတာမျိုးမဟုတ်ဘူး။ မိုးအလွန်ကာလတွေမှာဖြစ်လေ့ရှိတဲ့အနေအထားပါ။ နေ့ဘက်တွေမှာ ပူပြီးတော့ အပူရှိန်ကြောင့် လေခိုးလေငွေ့တွေကတစ်ဆင့် မိုးတိမ်တိုက်တွေဖြစ်ပြီး မိုးရွာတာ။ နိုဝင်ဘာ (၅)ရက်နေ့ထိတော့ ဆက်တိုက် အခုလိုရွာနိုင်တယ်။ ကြားထဲမှ ာမိုးပြန်ပြတ်ပြီး နိုဝင်ဘာ (၁၀)လောက်မှာ ပြန်ပြီးတော့ မိုးရွာနိုင်တယ်”လို့ ဆိုပါတယ်။

ဒီကနေ့ နိုဝင်ဘာလ (၃)ရက်နေ့ နေ့လယ်ပိုင်းကလည်း ရန်ကုန်မှာ လေကြမ်းတိုက်ခတ်ခဲ့ပြီး လျှပ်စီးလက်၊ မိုးချိန်းကာ မိုးသည်းထန်စွာရွာသွန်းခဲ့ပါတယ်။ 

မိုးရွာသွန်းမှုကြောင့် ရန်ကုန်မြို့အတွင်း လမ်းမတချို့မှာတော့ ရေလျှံမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။

ရန်ကုန်နဲ့ အနီးတစ်ဝိုက်ကတော့ မနက်ဖြန်မှာလည်း မိုးကြီးနိုင်ပြီး ဧရာဝတီ၊ တနင်္သာရီ၊ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ် မိုးကြီးနိုင်သလို ပဲခူးတိုင်းမှာလည်း မိုးကြီးနိုင်တယ်လို့ သိရပါတယ်။


Share

က္က