Snapdragon 888 SoC သုံးသွားမယ်လို့ ဆိုပါတယ်။

ထိပ်တန်းဖုန်းကုမ္ပဏီ ၅ ခု စာရင်းဝင် OPPO ရဲ့ ပထမဆုံး ခေါက်သိမ်းနိုင်စမတ်ဖုန်းကို နောက်လထဲ မြင်ရဖို့ ရှိနေပါတယ်။ 

၂၀၂၁ ခုနှစ် Foldable ဖုန်းလောကကို Samsung ကပဲ ကြီးစိုးထားတယ်လို့ ဆိုရမှာပါ။ လောလောဆယ် ဈေးကွက်ထဲမှာ နာမည်အကြီးဆုံးနဲ့ ‌ဈေးကွက်ထဲ အရောက်ဆုံး Foldable ဖုန်းတွေကလည်း Samsung ထုတ် Galaxy Z Flip 3 နဲ့ Galaxy Z Fold 3 တို့ပဲ ဖြစ်ပါတယ်။ Xiaomi နဲ့ Huawei တို့လို တရုတ်ဖုန်းကုမ္ပဏီတွေလည်း Foldable ဖုန်းထုတ်ပေမယ့် ကမ္ဘာ့ဈေးကွက်ထဲ ရောက်မလာသေးပါဘူး။



Photo: GSMArena


ပေါက်ကြားလာတဲ့ သတင်းသစ်အရ တရုတ်ဖုန်းကုမ္ပဏီ OPPO ကလည်း လာမယ့်နိုဝင်ဘာလထဲမှာ ကုမ္ပဏီရဲ့ ပထမဆုံး Foldable ဖုန်းကြေညာသွားမယ်လို့ ဆိုပါတယ်။ Tipster တစ်ဦးဖြစ်တဲ့ Bald Panda ရဲ့ Weibo ပို့စ်မှာ OPPO က အတွင်းခေါက်ပုံစံ In-Folding Foldable ဖုန်းကို နောက်လထဲ ဖြန့်ချိမယ်လို့ ရေးထားပါတယ်။ သူ့ရဲ့အဆိုအရ OPPO ရဲ့ Foldable ဖုန်းဟာ ၈ လက်မဆိုဒ် 120Hz LTPO Folding Screen နဲ့လာပြီး Snapdragon 888 SoC သုံးသွားမယ်လို့ ဆိုပါတယ်။ 

OPPO ရဲ့ ခေါက်သိမ်းနိုင်စမတ်ဖုန်းနဲ့ ပတ်သက်ပြီး သတင်းတွေ ကြားရတာ ဒီတစ်ကြိမ် ပထမဆုံးမဟုတ်ပါဘူး။ ပြီးခဲ့တဲ့အပတ်ကပဲ Digital Chat Station ဆိုတဲ့ Weibo အကောင့်ကနေ OPPO ရဲ့ Foldable ဖုန်းဟာ ၇.၈ လက်မကနေ ၈ လက်မ အရွယ်အစား ရှိပြီး QHD+ ရုပ်ထွက်ပါ 120Hz foldable screen သုံးမယ်လို့ ရေးခဲ့ပါတယ်။ ပင်မကင်မရာဟာ 50MP IMX766 sensor သုံးမယ်လို့လည်း Digital Chat Station က ဖော်ပြခဲ့တာပါ။


Photo: GSMArena

အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ OPPO ရဲ့ ခေါက်သိမ်းနိုင်စမတ်ဖုန်းကို OPPO Fold လို့ နာမည်ပေးသွားဖို့ ရှိပြီး 4500mAh ဘက်ထရီ ၊ 65W fast charging တို့ ပါမယ်လို့ ဆိုပါတယ်။ 32MP selfie ကင်မရာ သုံးမယ်လို့ သတင်းထွက်နေပြီး တခြားကင်မရာအချက်အလက်နဲ့ သုံးမယ့် ကင်မရာအရေအတွက်အကြောင်း မသိရသေးပါဘူး။ လုံခြုံရေးအတွက် ဘေးဘောင်လက်ဗွေဖတ်စနစ် သုံးလာနိုင်ပါတယ်။ 

Foldable ဖုန်းဖြစ်တဲ့အတိုင်း အနည်းဆုံး မြန်မာငွေ သိန်း ၃၀ ကျော် ပေါက်ဈေးရှိမယ်လို့ ခန့်မှန်းနေကြပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က