တစ်ဖွဲ့ကို ဒေါ်လာ ၂၅၀၀၀ စီ မြှပ်နှံထားတာပါ

ပြည်တွင်းမှ Startup acclearator တစ်ခု ဖြစ်တဲ့ 'ဖန်တီးရာ' ဟာ startup တွေမှာ တတိယမြောက် ရင်းနှီးမြှပ်နှံမှုအဖြစ် နည်းပညာအခြေပြု စွန့်ဦးတီထွင်လုပ်ငန်း ၅ ခုမှာ ဒေါ်လာ ၂၅၀၀၀ စီ ရင်းနှီးမြှပ်နှံလိုက်ပါတယ်။

         

Photo: frontiermyanmar



         ရန်ကုန်အခြေစိုက် ဖန်တီးရာဟာ startup စီးပွားရေးမှာ မြှင့်တင်ဖို့အခုလို ရင်းနှီးမြှပ်နှံလိုက်တာလို့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဖန်တီးရာကနေ ဒေါ်လာ ၂၅၀၀၀ စီ ရင်းနှီးမြှပ်နှံမှု ရရှိခဲ့တဲ့ startups တွေကတော့ အနုပညာ ၊ စိုက်ပျိုးရေး ၊ တည်ဆောက်ရေး ၊ ဖက်ရှင်နှင့် အိမ်ခြံမြေ ဝန်ဆောင်မှုတွေ ဖြစ်တဲ့ Asia Art Connect ၊ Hevephing ၊ Hydro Plant ၊ Nay Yar နဲ့One Sett တို့ဖြစ်ပါတယ်။

         ဒီ startup တစ်ခုစီဟာ ဒေါ်လာ ၂၅၀၀၀ စီ ရင်းနှီးမြှပ်နှံမှု ရရှိမှာဖြစ်တဲ့အပြင် ရုံးခန်းနေရာ ၊ Facebook နဲ့Amazon Web Service တို့လို ကုမ္ပဏီတွေဆီက ဝန်ဆောင်မှုများ ၊ ပြည်တွင်း ပြည်ပ ကျွမ်းကျင်ပညာရှင်ပေါင်း ၅၀ ကျော်မှ ၆ လတာ နည်းလမ်းပြသမှုများနဲ့ရင်းနှီးမြှပ်နှံသူများနဲ့ချိတ်ဆက်မှုများ ရရှိမယ်လို့ဆိုပါတယ်။

         မကြာသေးမီက နော်ဝေနိုင်ငံ အော့စလို အခြေစိုက် Katapult Ocean Accelerator ဆီက ဒေါ်လာ ၁ သိန်းခွဲ ရင်းနှီးမြှပ်နှံမှု ရရှိထားတဲ့ RecyGlo ဟာလည်း ဖန်တီးရာ Accelerator ပရိုဂရမ်ကနေ ဒေါ်လာ ၂၅၀၀၀ ရခဲ့ပြီး ဖန်တီးရာမှ RecyGlo ဆီကနေ ရှယ်ယာ ၁၂% ရခဲ့တယ်လို့သိရပါတယ်။ ဖန်တီးရာ Accelerator ပရိုဂရမ်ဟာ ၂၀၁၆ ခုနှစ်ထဲမှာ ပထမအသုတ် ရင်းနှီးမြှပ်နှံမှုအဖြစ် စတင်ခဲ့တာပါ။

ဖန်တီးရာ ပထမအသုတ် (Photo: Phandeeyar)

         Phanedeeyar Innovation Lab ကနေ ဒုတိယအသုတ်အထိ နည်းပညာအခြေပြု startup ၁၁ ခု ဖြစ်တဲ့ Chate Sat ၊ Ezstay ၊ GoP ၊ White Merak ၊ Amazing Express ၊ MMTutors ၊ NextCode ၊ RecyGlo ၊ Pancasikha ၊ Shwe Bite နဲ့Kone Si တို့မှာ ရင်းနှီးမြှပ်နှံခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က