မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ် MCF နဲ့မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT တို့ပူးပေါင်းပြီး မြန်မာလူငယ် နည်းပညာစွန့်ဦးတီထွင် ဖွံ့ဖြိုးရေး အစီအစဉ် ၂၀၁၉ အတွက် ပဏာမရွေးချယ်ခြင်း အခမ်းအနားကို ဇန်နဝါရီ ၂၀ ရက်နေ့ရန်ကုန်မြို့MICT Park လှိုင်တက္ကသိုလ်နယ်မြေမှာ ကျင်းပပြုလုပ်သွားမယ်လို့ဆိုပါတယ်။
Photo: Duwun
Myanmar Youth Technopreneurship Development Program 2019 ရဲ့ ပဏာမ ရွေးချယ်ခြင်း (pre-selection) အခမ်းအနားကို လှိုင်တက္ကသိုလ် နယ်မြေ ၊ MICT Park ၊ Conference Hall မှာ မနက် ၁၀ နာရီက စပြီး ကျင်းပပြုလုပ်သွားမှာပါ။ ဒီအစီအစဉ်အတွက် လျှောက်လွှာတွေကို အောက်တိုဘာ ၂၂ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ လက်ခံခဲ့တာ ဖြစ်ပြီး တစ်သင်းကို အနည်းဆုံး ၂ ဦးကနေ ၅ ဦးအထိ ပါဝင်နိုင်မယ်လို့ကြေညာထားတာ ဖြစ်ပါတယ်။
ပြိုင်ပွဲဝင် အသင်းများအကြို ရွေးချယ်မှုကို အောက်မြန်မာပြည်အတွက် ဇန်နဝါရီ ၁၉ နဲ့၂၀ နှစ်ရက် ၊ အထက်မြန်မာပြည်အတွက် ဇန်နဝါရီ ၂၅ နဲ့၂၆ ရက်များမှာ ရန်ကုန်နဲ့မန္တလေးတို့မှာ ၅ သင်းစီ ရွေးချယ်သွားမယ်လို့ဆိုပါတယ်။နည်းပညာအခြေပြု စီးပွားရေး လုပ်ငန်းတစ်ခု ထူထောင်နိုင်တဲ့အထိ ငွေကြေး ၊ အကြံဉာဏ်နဲ့လိုအပ်တဲ့ လေ့ကျင့်ပေးမှုတွေ ပေးသွားမယ့် ဒီအစီအစဉ်ကို ၂၀၁၈ မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။
Myanmar Youth Technopreneurship Development Program အစီအစဉ်များဟာ တစ်နိုင်ငံလုံးက နည်းပညာကျောင်းသားများ ၊ နယ်ပယ်အသီးအသီးက စွန့်ဦးတီထွင်လူငယ်များအတွက် လုပ်ငန်းတည်ထောင်နိုင်တဲ့ အဆင့်အထိ ရောက်အောင် ပံ့ပိုးပေးဖို့စီစဉ်ကျင်းပတဲ့ ပွဲတစ်ခု ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ မြန်မာလူငယ် နည်းပညာစွန့်ဦးတီထွင်ဖွံ့ဖြိုးရေး အစီအစဉ်မှာ အထက်မြန်မာပြည်နဲ့အောက်မြန်မာပြည် တိုင်းဒေသကြီးနဲ့ပြည်နယ် အသီးသီးမှ ဆန်ကာတင် ၁၀ သင်း ရွေးချယ်ခဲ့ပြီး အကောင်းဆုံး ၃ သင်းရွေးချယ်ဆုပေးခဲ့တာပါ။
Photo: Myanmar Youth Technopreneurship Development Program Facebook
၂၀၁၈ ခုနှစ်က ဆုရခဲ့တဲ့ အသင်း ၃ သင်းကို တစ်ဖွဲ့လျှင် ဆုကြေးငွေ ကျပ် သိန်း ၅၀ ၊ ကုမ္ပဏီ မှတ်ပုံတင် နဲ့Kanaung Hub မှာ ၆ လတာ ရုံးခန်းဖွင့် လုပ်ငန်းလုပ်ကိုင်ခွင့်တို့ရရှိခဲ့တာ ဖြစ်ပါတယ်။ ကျန် ပြိုင်ပွဲဝင် ၇ သင်းကိုလည်း နှစ်သိမ့်ဆုအဖြစ် ကျပ် ၅ သိန်းစီ စုစုပေါင်း ၁၈၅ သိန်း ပေးခဲ့တာလည်း ဖြစ်ပါ