သူ့လက်စွမ်းအပေါ် ယုံကြည်မှုအပြည့်ရှိတယ်လို့ ဆိုခဲ့ပါတယ်။

နည်းပြဆိုးလ်ရှားရဲ့ အားကိုးအားထားပြုမှုကို ရယူထားနိုင်ခဲ့တဲ့ ဒီဂီယာက လာမယ့်ရာသီအတွက်လည်း သူပဲ အသင်းဂိုးပေါက်ဝကို စောင့်ရှောက်ပေးရလိမ့်မယ်လို့ ယုံကြည်ကြောင်းပြောသွားခဲ့ပါတယ်။ 


လာမယ့်ရာသီမှာလည်း အသင်းရဲ့ပထမဂိုးသမားနေရာကို ရယူနိုင်လိမ့်မယ်လို့ ယူနိုက်တက်ဂိုးသမားဒီဂီယာက ယုံကြည်နေပါတယ်။ ဒီရာသီမှာ လက်စွမ်းကျဆင်းမှုတွေရှိနေခဲ့ပေမယ့် နည်းပြဆိုးလ်ရှားရဲ့ အားကိုးအားထားပြုမှုကို ရယူထားနိုင်ခဲ့တဲ့ ဒီဂီယာက လာမယ့်ရာသီအတွက်လည်း သူပဲ အသင်းဂိုးပေါက်ဝကို စောင့်ရှောက်ပေးရလိမ့်မယ်လို့ ယုံကြည်ကြောင်းပြောသွားခဲ့ပါတယ်။ 

ယူနိုက်တက်အနေနဲ့ ရိုမဲယို၊ အငှားချထားတဲ့ ဒင်းဟန်ဒါဆန်တို့လို လက်စွမ်းတည်ငြိမ်တဲ့ ဂိုးသမားတွေကိုလည်း ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ဒင်းဟန်ဒါဆန်ကတော့ ရှက်ဖီးနဲ့အတူ တောက်ပနေခဲ့ပြီး ရိုမဲယိုကလည်း သူ ပါဝင်ကစားရတဲ့ပွဲတိုင်းမှာ လက်စွမ်းကောင်းတွေ ပြသနေခဲ့ပြီး ဒီဂီယာရဲ့ နံပါတ်တစ်ဂိုးသမားနေရာအတွက် ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ 

ယူနိုက်တက်နဲ့ ၂၀၂၃ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတဲ့ စပိန်ဂိုးသမားက "ကိုယ့်ကိုကိုယ်ယုံကြည်မှုအပြည့်ရှိပါတယ်၊ နှစ်တိုင်းပဲ ကျွန်တော့်ရဲ့အကောင်းဆုံးစွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့ပါတယ်၊ ဒါကြောင့် နံပါတစ်ဂိုးသမားနေရာအတွက် ထိန်းသိမ်းထားနိုင်မယ်လို့ ယုံကြည်ပါတယ်၊ အသင်းအတွက်ကြိုးစားကစားပေးဖို့ ကျွန်တော့်ဘက်က အမြဲတမ်းအသင့်ပါပဲ"

"ကျွန်တော်တို့ ဒီရာသီမှာ တိုးတက်မှုတွေရှိခဲ့တယ်လို့ ထင်ပါတယ်၊ တတိယနေရာမှာ ၁၄ မှတ်အကွာနဲ့ ရပ်တည်ခဲ့တယ်ဆိုပေမယ့် တတိယနေရာနဲ့ အဆုံးသတ်နိုင်ခဲ့တာပါ၊ ယူရိုပါလိဂ်ဗိုလ်လုပွဲကို တက်ရောက်ဖို့ ထိုက်တန်ခဲ့ပေမယ့်လည်း အတွေ့အကြုံနည်းနည်းလိုတာဖြစ်နိုင်ပါတယ်၊ ဂိုးသွင်းခွင့်တွေဖန်တီးနိုင်ခဲ့ပါတယ်၊ ကျွန်တော်တို့ကောင်းကောင်းကစားပြနိုင်ခဲ့တယ်လို့ ယူဆပါတယ်"

"ဒီတိုးတက်မှုကိုထိန်းသိမ်းထားဖို့နဲ့ အသင်းအတွက် ဆုဖလားတွေရယူပေးဖို့၊ တိုက်ပွဲဝင်သွားဖို့အတွက် ကျွန်တေ်ာတို့ ကြိုးစားသွားမှာပါ" လို့ ဒီဂီယာကပြောဆိုခဲ့ပါတယ်။ ဒီဂီယာကတော့ ဒီရာသီပရီးမီးယားလိဂ်ပွဲအများစုကစားခဲ့ရသလို ဖလားပြိုင်ပွဲတွေမှာလည်း အရေးကြီးပွဲတွေကို ပါဝင်ခွင့်ရရှိခဲ့တယ်လို့ Sportskeeda က ဖော်ပြခဲ့ပါတယ်။ 

Share

Loading Next Article...
က္က