နှုတ်ထွက်ဖို့အစီအစဉ်မရှိကြောင်းပြောကြားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြမော်ရင်ဟိုဟာ အိုးထရက်ဖို့ဒ်မှာရှိတဲ့အရာအားလုံးကို ပြောင်းပြန်လှန်နိုင်ကြောင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းကနေ နှုတ်ထွက်ဖို့အတွက် အစီအစဉ်မရှိကြောင်း ပြောကြားခဲ့ပါတယ်။ အသက် ၅၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မော်ရင်ဟိုဟာ ပြီးခဲ့တဲ့အပတ်တွေမှာ ဖိအားတွေများစွာခံစားခဲ့ရသူဖြစ်ပြီး မန်ယူအသင်းဟာ ၄ ပွဲဆက်နိုင်ပွဲပျောက်ဆုံးနေတာဖြစ်ပါတယ်။

gettyimages-1044036540 (1).jpg

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ဒုဥက္ကဌအက်ဒ်ဝုဒ်ဝဒ်တို့က အသင်းအနေနဲ့ မော်ရင်ဟိုရဲ့ ကိုင်တွယ်မှုအောက်မှာ ဆက်သွားနိုင်မယ်လို့ မျှော်လင့်ကြောင်း လူသိရှင်ကြားပြောကြားခဲ့ပြီး မော်ရင်ဟိုကို ထောက်ခံအားပေးနေဆဲဖြစ်ပါတယ်။ ဒါပေမယ့် မန်ယူအသင်းသားအများစုဟာ နည်းပြမော်ရင်ဟိုရဲ့အနာဂတ်အတွက် နယူးကာဆယ်အသင်းနဲ့ပွဲစဉ်မှာ အနိုင်ရလဒ်ရရှိဖို့ လိုအပ်နေတယ်လို့ ယုံကြည်နေကြတာဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဖလားကို မကိုင်မြှောက်နိုင်ခဲ့တဲ့ ကမ္ဘာ့ထိပ်တန်းအဆင့် ကစားသမား ၅ ဦး 

မော်ရင်ဟိုဟာ ၎င်းကို ထောက်ခံအားပေးမှုမရှိတာနဲ့ပတ်သက်ပြီး ပျော်ရွှင်နေဆဲလို့ ယူဆရပြီး Times ရဲ့ ရေးသားချက်အရ မော်ရင်ဟိုဟာ နည်းပြရာထူးကနေ နှုတ်ထွက်ဖို့အတွက် အစီအစဉ်မရှိကြောင်း သိရပါတယ်။ အသက် ၅၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မော်ရင်ဟိုဟာ ၎င်းကို ထောင့်ပေါင်းစုံကနေ တိုက်ခိုက်နေကြတယ်လို့ ခံစားနေရပြီး အသင်းအနေနဲ့ ဘောလုံးရေးရာကျွမ်းကျင်သူတွေ၊ ကစားသမားဟောင်းတွေရဲ့ တိုက်ခိုက်မှုအပေါ် ယခုထက်ပိုပြီး လုပ်ပေးနိုင်သေးတယ်လို့ ယူဆနေတာဖြစ်ပါတယ်။

 

မော်ရင်ဟိုဟာ ၂၀၀၇ ခုနှစ်မှာ ချယ်ဆီးအသင်းနည်းပြရာထူးကနေ နှုတ်ထွက်ခဲ့သူဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၀ ခုနှစ်အထိ ကျန်ရှိနေသေးတာဖြစ်ပါတယ်။ မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလကမှ စာချုပ်သစ် ထပ်မံချုပ်ဆိုထားသူဖြစ်ပြီး နိုင်ငံတကာအားလပ်ရက်မရောက်မီ နယူးကာဆယ်အသင်းနဲ့ပွဲစဉ်အတွက် အနိုင် ၃ မှတ်သေချာစေမယ့် ပွဲထွက်ကစားသမားစာရင်းကို ရွေးချယ်ထားပြီးပြီလို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အဖြစ် အောက်တိုဘာလ ၂၃ ရက်နေ့မှာ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အောက်တိုဘာ ၂၀ ရက်နေ့မှာ ချယ်ဆီးအသင်းရဲ့အိမ်ကွင်း စတန်းဖို့ဒ်ဘရစ်ဂျ်ကို သွားရောက်ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

Share

Loading Next Article...
က္က