လီဗာပူးနဲ့လက်စတာတို့ဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၇အဖြစ် ယှဉ်ပြိုင်ကစားကြမှာပါ။

လီဗာပူးကတော့ လက်ရှိအချိန်အထိအမှားအယွင်းလွဲချော်မှုလုံးဝမရှိသေးပါဘူး။ လက်စတာကလည်း အသင်း ကြီးတွေဆီကနေ အမှတ်ခွဲယူနိုင်တဲ့အသင်းဆိုတော့ အပြန်အလှန် သွင်းဂိုးတွေ မြင်တွေ့ရဖို့ရှိနေပါတယ်။ နောက် ဆုံး ၅ပွဲဆီကစားပြီးချိန်မှာ ရှုံးပွဲ၁ပွဲဆီပဲ ရှိထားတဲ့ အသင်းနှစ်သင်းရဲ့ထိပ်တိုက်တွေ့ဆုံမှုက အစဉ်အလာတွေလို အပြန်အလှန်သွ င်း ဂိုးတွေနဲ့အတူ စိတ်လှုပ်ရှားစရာအကောင်းဆုံးပွဲစဉ်ဖြစ်လာမလားဆိုတာ စိတ်ဝင်စားစရာပါ။

လီဗာပူး Vs လက်စတာ

ထိပ်တိုက်တွေ့ဆုံမှု

လီဗာပူး ၁-၁ လက်စတာ

လက်စတာ ၁-၂ လီဗာပူး

လီဗာပူး ၂-၁ လက်စတာ

လက်စတာ ၂-၃ လီဗာပူး

လက်စတာ ၂-၀ လီဗာပူး

လီဗာပူးအသင်းရဲ့ပရီးမီးယားလိဂ်နောက်ဆုံး ၃ပွဲရလဒ်

ရှက်ဖီးလ်ယူနိုက်တက် ဝ-၁ လီဗာပူး

ချဲလ်ဆီး ၁-၂ လီဗာပူး

လီဗာပူး ၃-၁ နယူးကာဆယ်

လက်စတာအသင်းရဲ့ ပရီးမီးယားလိဂ်နောက်ဆုံး ၃ပွဲရလဒ်

လက်စတာ ၅-၀ နယူးကာဆယ်

လက်စတာ ၂-၁ စပါး

မန်ချက်စတာယူနိုက်တက် ၁-၀ လက်စတာ



နှစ်ဖက်အသင်းသတင်းများ

  • အဓိကဂိုးသမားအယ်လ်လီဆန်အနေနဲ့ လေ့ကျင့်ရေးပြန်လည်ပြုလုပ်နေပြီဖြစ်သော်လည်းကြံ့ခိုင်မှုပိုင်း လိုအပ်ချက်ရှိနေသေးတဲ့ ပါဝင်ကစားနိုင်ရန်မဖြစ်နိုင်သေး။
  • မက်ဒီဆင်မှာ ခြေကျင်းဝတ်ဒဏ်ရာရှိနေခဲ့တဲ့အတွက် လက်စတာအတွက် ဂျေမီဗာဒီ၊ ရီကာဒိုတို့ပဲကြံ့ခို င်မှုပိုင်းအကောင်းဆုံးရှိနေ။
  • လီဗာပူးတိုက်စစ်တွင် မာနေးလ်၊ ဖာမီနို၊ ဆာလက်ဒ်တို့ ၃ဦးလုံး ကြံ့ခိုင်မှုအပြည့်နဲ့ပါဝင်လာမှာဖြစ်ပြီး ဖာဘင်ဟို၊ ဟန်ဒါဆန်တို့နဲ့ ပွဲထွက်လာနိုင်။
  • ၄-၁-၄-၁၊ ၄-၂-၃-၁ ကစားကွက်ကို အသုံးပြုနိုင်ခြေများတဲ့ လက်စတာအနေနဲ့ ဗာဒီတစ်ဦးကိုပဲ တိုက်စစ်မှာ အသုံးပြုနိုင်ခြေများနေ။


ပွဲကြိုအချက်အလက်

  • ပြိုင်ပွဲစုံနောက်ဆုံး ၆ပွဲကစားထားပြီးရာတွင် ၅ပွဲနိုင် ၁ပွဲရှုံးရလဒ်ရရှိထားတဲ့ လီဗာပူးအနေနဲ့ ၁၂ဂိုးသွင်း ထားပြီး ၇ဂိုးပြန်ပေးထားရ။
  • အစဉ်အလာအရနောက်ဆုံး ၉၂ကြိမ်ထိပ်တိုက်တွေ့ဆုံထားရာမှာ လီဗာပူးက ၃၈ ကြိမ်နိုင် ၂၁ကြိမ်သေ ရကျထားပြီး လက်စတာက ၃၃ကြိမ်ပြန်အနိုင်ရထား။
  • လက်စတာအနေနဲ့ ပြိုင်ပွဲစုံနောက်ဆုံး ၆ပွဲကစားထားရာတွင် ၁ပွဲရှုံး ၅ပွဲနိုင်ထားပြီး ၁၅ဂိုးသွင်း ၄ဂိုးပြန်  ပေးထားခဲ့။
  • - လီဗာပူးအနေနဲ့ လက်စတာကို အိမ်ကွင်းမှာရင်ဆိုင်ခဲ့တဲ့ နောက်ဆုံးပရီးမီးယားလိဂ် ၈ပွဲမှာ ရှုံးပွဲလုံးဝမရှိခဲ့ဘဲ ၆ပွဲနိုင် ၂ပွဲသရေရလဒ်ရရှိထား။


ဖြစ်နိုင်ဖွယ်လူစာရင်း

ဒဏ်ရာရ/ပွဲပယ်

လီဗာပူး          - ကလိုင်း၊ ရှာကွီရီ၊ အယ်လ်လီဆန်၊ ဂျိုရယ်မာတစ်ပ်။

လက်စတာ      - မက်တီဂျိမ်းစ်၊ မက်ဒီဆင်(ကြံ့ခိုင်မှုမပြည့်ဝ)

မာ့ခ်လော်ရန်ဆန်ရဲ့ သုံးသပ်ချက်

လီဗာပူးအတွက် လက်စတာက တကယ်ကို ခက်ခဲတဲ့ပြိုင်ဘက်ကောင်းဖြစ်လာမှာပါ။ လီဗာပူးကတော့ ပုံမှန်ခြေ စွမ်းနဲ့အတူ ရလဒ်ကောင်းတစ်ခုတည်းကို အာရုံစိုက်ကစားနေခဲ့တဲ့ အတွ က်တိုက်စစ်အသားပေးကစားလာဖို့သေ ချာပါတယ်။ ဒါပေမဲ့ လီဗာပူးကို လက်စတာတို့ ကျော်ဖြတ်နိုင်ဖို့ဆိုတာကတော့ အခြေအနေနည်းလွန်းပါတယ်။


ခန့်မှန်းရလဒ်    - လီဗာပူး ၂-၁ လက်စတာ

Share

Loading Next Article...
က္က