ဒဏ်ရာရကစားသမားများပြားနေတဲ့ ယူနိုက်တက်အသင်းဟာ လီဗာပူးနဲ့ပွဲစဉ်အတွက် အခက်အခဲအချို့ရှိနေခဲ့တာပါ။
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အရံဂိုးသမားဖြစ်သူ ရိုမီယိုရဲ့ ပရီးမီးယားလိဂ်စွမ်းဆောင်နိုင်မှုနှိုင်းယှဉ်ချ က်ထွက်ပေါ်လာခဲ့ပြီးတဲ့နောက် နည်းပြဆိုးလ်ရှားအတွက် အသက်ရှုချောင်စေမယ့် မျှော်လင့်ချက်တစ်ခုဖြစ်လာ ခဲ့တယ်လို့ The Sun က ဖော်ပြလာပါတယ်။
ပြီးခဲ့တဲ့ယူရို၂၀၂၀ခြေစစ်ပွဲစဉ်မှာစပိန်လက်ရွေးစင်အသင်းအတွက်ကိုယ်စားပြုကစားပေးရင်းကြွက်သားနဲ့တံ ကောက်ကြောဒဏ်ရာရရှိခဲ့တဲ့ဂိုးသမားဒီဂီယာအနေနဲ့မန်ချက်စတာယူနိုက်တက်အသင်းရဲ့ပွဲစဉ်အချို့ကိုလွဲ ချော်မှာဖြစ်လို့ နည်းပြဆိုးလ်ရှားအတွက် အခက်အခဲအချို့ရှိနေခဲ့တာပါ။
ထွက်ပေါ်လာတဲ့ စစ်တမ်းမှာ ယူနိုက်တက်အရံဂိုးသမားရိုမီယိုအနေနဲ့ ဒီဂီယာလောက်ပွဲထွက်ကစားခွင့်မရရှိခဲ့ ပေမယ့် စွမ်းဆောင်နိုင်မှုပိုင်းမှာ အမြင့်ဆုံးရှိနေခဲ့တာဖြစ်ပြီး ၇ပွဲကစားပေးထားရာတွင် ဂိုးမပေးရတဲ့ပွဲက ၆ပွဲအ ထိရှိနေခဲ့တာလည်းဖြစ်သလို ပေးဂိုးအနေနဲ့လည်း ၁ဂိုးသာရှိနေခဲ့တာဖြစ်ပါတယ်။
ဒီဂီယာအနေနဲ့ လက်ရှိမှာ ယူနိုက်တက်အတွက်၂၈၃ပွဲကစားထားပြီးရာမှာ ဂိုးမပေးရတဲ့ပွဲ၁၀၂ပွဲအထိရှိနေခဲ့တဲ့ အတွက် ပျှမ်းမျှအားဖြင့် ၃ပွဲကစားမှ ၁ဂိုးပေးထားရတဲ့အခြေအနေရှိနေလို့ အကောင်းဆုံးစွမ်းဆောင်နိုင်မှုလို့သ တ်မှတ်နိုင်ပေမယ့်လည်း ရိုမီယိုရဲ့ စွမ်းဆောင်နိုင်မှုက စစ်တမ်းအရ ပိုပြီးမြင့်မားနေခဲ့တာပါ။
ယူနိုက်တက်အနေနဲ့ အောက်တိုဘာလအတွင်း ပွဲကြပ်ကာလတစ်ခုအဖြစ်ရင်ဆိုင်ရဖို့ရှိနေပြီး လီဗာပူးအသင်းနဲ့ ပွဲစဉ်အပြီးတွင် ခါရာဘောင်းဖလား ၁၆သင်းအဆင့်မှာ ချဲလ်ဆီးအသင်းကိုထပ်မံရင်ဆိုင်ရဖို့ရှိနေသလို ယူရိုပါအု ပ်စုပွဲစဉ်တွေကစားရဖို့ရှိနေတာလည်းဖြစ်ပါတယ်။