မန်ချက်စတာယူနိုက်တက်အနေနဲ့ လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးအသင်းကို ရင်ဆိုင်ရဖို့ရှိနေတာလည်းဖြစ်ပါတယ်။
ဆွီဒင်အသင်းနဲ့သရေကျခဲ့တဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲတွင် ဒဏ်ရာရရှိခဲ့တဲ့ စပိန်လက်ရွေးစင်ဂိုးသမားဒီဂီယာအနေ နဲ့ အချိန်ကာလတစ်ခုအထိအနားယူရဖို့ရှိလာနိုင်တဲ့အတွက် မန်ချက်စတာယူနိုက်နည်းပြဆိုးလ်ရှားအတွက် သ တင်းဆိုးတစ်ခုဖြစ်လာခဲ့ပြီလို့ dailymail က ဖော်ပြလာပါတယ်။
ဆွီဒင်ကစားသမားတွေနဲ့ ထိခိုက်မိခဲ့တဲ့အတွက် ဒီဂီယာအနေနဲ့တံကောက်ကြောဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ပွဲဆက် ကစားရန်မဖြစ်နိုင်တော့တဲ့အခြေအနေကြောင့် အရံဂိုးသမားကီပါနဲ့ လူစားလဲခံခဲ့ရသလို လက်ရှိမှာလည်းဆေးစ စ်မှုတွေထပ်မံပြုလုပ်ရဖို့ရှိနေတာလည်းဖြစ်ပါတယ်။
စပိန်အသင်းဟာ ဆွီဒင်အသင်းကို အနိုင်ရရှိအောင်မစွမ်းဆောင်နိုင်ခဲ့ပေမယ့်လည်း လက်ရှိယူရိုခြေစစ်ပွဲ ၈အပြီး ရှုံးပွဲမရှိရလဒ်ရရှိထားခဲ့သလို ၆ပွဲနိုင် ၂ပွဲသရေရလဒ်ရရှိထားခဲ့တဲ့အတွက် လက်ကျန် ၂ပွဲကျန်ရှိနေသေးပေမယ့် ခြေစစ်ပွဲအောင်မြင်ခဲ့ပြီလည်းဖြစ်ပါတယ်။
လက်ရှိထွက်ပေါ်နေတဲ့သတင်းတွေအရ ဒီဂီယာရဲ့ တံကောက်ကြောဒဏ်ရာအခြေအနေကို ဆေးစစ်မှုများထပ်မံ ပြုလုပ်ရဖို့ရှိနေပြီး အချိန်ကာလတစ်ခုအထိအနားယူရဖို့ရှိနေတဲ့အတွက် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ပွဲ စဉ်အချို့ကို သေချာပေါက်လွဲချော်ဖို့ရှိနေတယ်လို့ စပိန်အားကစားမီဒီယာတွေက ဖော်ပြနေခဲ့တာပါ။
မန်ချက်စတာယူနိုက်တက်နည်းပြဆိုးလ်ရှားကတော့ ဒီဂီယာရဲ့ဒဏ်ရာအခြေအနေပိုပြီး မပြင်းထန်ဖို့လိုအပ်တ ယ်လို့ ဝန်ခံပြောဆိုမှုအချို့ပြုလုပ်ခဲ့ပြီး လီဗာပူးနဲ့ပွဲအမီ အသင်းအတွက် ပြန်ကစားပေးနိုင်မယ်လို့လည်းမျှော်လ င့်နေခဲ့တာပါ။