ကလပ်အသင်းတွေအနေနဲ့ ကွင်းဝင်ကြေးတွေ မရပဲ ရပ်ဆိုင်းနေလို့ ပုံမှန်ပေးချေရမယ့် လုပ်ခလစာတွေကို အချိန်ကိုက်ပေးချေဖို့ အခက်တွေ့နေတာပါ။
ဧပြီလ ၃၀ ရက်နေ့အထိ ဘောလုံးပွဲတွေ ရပ်နားထားလို့ အင်္ဂလန်ဘောလုံးလိဂ်က ကလပ်အသင်း ကစားသမား တွေ လစာလျော့ယူ(သို့)နောက်ကျမှ ယူရဖို့ ရှိနေပါတယ်။
Daily Mail ရဲ့ ဖော်ပြချက်မှာတော့ ချန်ပီယံရှစ်ကလပ်အသင်းများ ဘုတ်အဖွဲ့က ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ကာကွယ်ကုသရေး လုပ်ငန်းစဥ်တွေအတွက် ပေါင်သန်း ၅၀ ရန်ပုံငွေ ထုတ်ပေးခဲ့ပါတယ်။
လက်ရှိမှာ ကလပ်အသင်းတွေအနေနဲ့ ပွဲတွေ ရပ်နားထားလို့ ကွင်းဝင်ကြေးတွေ မရပဲရှိနေလို့ ဒီအတိုင်းသာ ဆက် ဖြစ်နေမယ်ဆိုရင် ကစားသမားတွေအနေနဲ့ လုပ်ခကို လျော့ယူဖို့(သို့)နောက်ကျပြီးမှ ယူဖို့ ကလပ်အသင်းတွေဖက် ကထုတ်ပြောလာဖို့ ရှိနေတာပါ။
အထူးသဖြင့် လိဂ်ဝမ်းနဲ့တူးက ကလပ်အသင်းတွေအနေနဲ့ဒီလထဲမှာ ဂိတ်ဝင်ကြေးတွေ မရရှိလို့ ကစားသမားတွေကို လစာမပေးချေနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။
အခု ထုတ်ပေးခဲ့တဲ့ ချန်ပီယံရှစ်အသင်းများ ဘုတ်အဖွဲ့ရဲ့ ပေါင်သန်း ၅၀က ကလပ်အသင်းတွေရမယ့် အပိုဆုကြေး၊ ရုပ်သံဝင်ငွေ၊အတိုးနှုန်းတွေကနေ စိုက်ထုတ်ပြီး ရန်ပုံငွေ ပေးခဲ့တာ ဖြစ်လို့ နောက်ထပ် မထုတ်ပေးနိုင်တော့ဘူးလို့ လည်းသိရပါတယ်။
ချန်ပီယံရှစ်အနေနဲ့ လာမယ့်နှစ်အတွက် Sky Sportsကနေ ပေါင် ၁၁၉ သန်းရရှိဖို့ ရှိနေပေမယ့် အချို့ ကလပ်တွေ အနေနဲ့ လာမယ့်လအနည်းငယ်အတွက် အသုံးစရိတ်တွေ လျော့ချဖို့ ရှိနေတာပါ။