ချန်ပီယံလိဂ်ဆုဖလားကို ပထမဆုံးရဖူးတဲ့ အာရှ ကစားသမားကတော့ ပတ်ဂျီဆန်ဖြစ်ပါတယ်။

ဥရောပအဆင့် ပြိုင်ပွဲတွေရဲ့ ဗိုလ်လုပွဲကို ပထမဆုံး စတင်ကစားနိုင်ခဲ့တဲ့ ၁၉၇၉-၈၀ ဘောလုံးရာသီက တောင် ကိုရီးယား ကစားသမား ကွန်ချမ်ဘန်းဖြစ်ပြီးသူဟာ လက်ရှိ ယူရိုပါလိဂ်လို့ အမည်တပ်ထားတဲ့ ယခင် UEFA CUP ကို ၂ ကြိမ်အထိ ရယူဖူးပါတယ်။

ဒီကနေ့ မနက်ပိုင်းက ကစားခဲ့တဲ့ စပါးအသင်းနဲ့ အေဂျက်အသင်းတို့ရဲ့ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒု-ကျော့မှာ စပါးအသင်းက ၃-၂ ဂိုးနဲ့ အနိုင်ယူပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲကို နှစ်ကျော့ပေါင်းရလဒ် ၃-၃ ဂိုး အနေအထားမှာ အဝေးဂိုးစည်းမျဉ်းနဲ့ တက်လှမ်းနိုင်ခဲ့ပါတယ်။



ဒီလို ဗိုလ်လုပွဲကို စပါးအသင်း ပထမဆုံးအကြိမ် တက်လှမ်းနိုင်ခဲ့တဲ့အချိန်မှာ အာရှတိုက်သား တောင်ကိုရီးယား ကစားသမား ဆွန်ဟောင်မင်လည်း ကစားသမားဘ၀ ပထမဆုံးအကြိမ် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်လှမ်းနိုင် ခဲ့ပါတယ်။

ဆွန်ဟောင်မင်ရဲ့ ရှေ့မှာ စီနီယာ ကစားသမား တစ်ဦးဖြစ်တဲ့ မန်ယူကစားသမားဟောင်း ပတ်ဂျီဆန်အနေနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ၂၀၀၉-၁၀ ဘောလုံးရာသီနဲ့၂၀၁၀-၁၁ ဘောလုံးရာသီက မန်ယူအသင်းနဲ့အတူ ပါဝင်ကစားခဲ့ဖူးပါတယ်။ ဒါပေ မယ့် အဆိုပါ ၂ ကြိမ်စလုံးမှာ ဘာစီလိုနာကို အရေးနိမ့်ပြီး ပတ်ဂျီဆန်ဟာ ချန်ပီယံလိဂ်ဆုဖလား ကိုင်မြှောက်ခွင့်ကိုတော့ မရခဲ့ရရှာပါဘူး။

၂၀၀၈ ခုနှစ်တုန်းက မန်ယူအသင်း ချန်ပီယံလိဂ် ဖလားကို ချဲလ်ဆီးကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူပြီး ရခဲ့စဉ်ကတော့ မန်ယူနည်းပြ ဖာဂူဆန်က ပတ်ဂျီဆန်ကို လူစာရင်းမှာ ခေါ်ဆောင်ခဲ့ခြင်းမရှိခဲ့ပါဘူး။

အဲ့တုန်းက မန်ယူအသင်း ပွဲထွက်လူစာရင်းမှာ ဂိုးသမား ဗန်ဒါဆား၊ နောက်ခံလူများအဖြစ် ဘရောင်း၊ဖာဒီနန်၊ဗီဒ ဒစ်၊အီဗရာ၊အလယ်တန်းမှာ ဟားဂရေ့စ်၊ကာရစ်၊စခိုးလ်နဲ့ရှေ့တန်းမှာ တိဗက်စ်၊ရွန်းနီ၊ရော်နယ်ဒိုတို့ ပါဝင်ခဲ့ကြပါ တယ်။

အရန်လူစာရင်းမှာတော့ ဂိုးသမား ကုဇက်၊ နောက်ခံလူ ဆေးဗက်စတြာ၊အိုရှေး၊ကွင်းလယ်လူ ဖလက်ချာ၊အန်ဒါ ဆန်၊နာနီနဲ့ဂစ်တို့ ပါဝင်ခဲ့ကြတာပါ။

ဒါကြောင့် ပတ်ဂျီဆန်အနေနဲ့ ဥရောပချန်ပီယံလိဂ် ဗိုလ်လုပွဲကို နှစ်ကြိမ်သာ ပါဝင် ကစားဖူးပြီး ချန်ပီယံလိဂ် ဆုဖလားကိုတော့ ၂၀၀၈ ခုနှစ်က မန်ယူအသင်း ရယူနိုင်ခဲ့စဉ် တစ်ကြိမ် ပိုင်ဆိုင်ထားဖူးပါတယ်။



ဒီလိုမျိုး ဆုဖလားကို ပိုင်ဆိုင်နိုင်ပေမယ့်လည်း ပတ်ဂျီဆန်ဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲကစားခဲ့တဲ့ လူစာရင်းမှာ တော့ မပါဝင်နိုင်ခဲ့လို့ အခုချိန်မှာ ဆွန်ဟောင်မင်က စပါးအသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်လို့ ကိုယ်တိုင် ဗိုလ်လုပွဲကစားပြီး ကိုယ်တိုင် ဆုဖလား ကိုင်မြှောက်နိုင်မယ့် အခွင့်အရေးကို ပိုင်ဆိုင်ထားတာ လည်း ဖြစ်ပါတယ်။

ပတ်ဂျီဆန်အနေနဲ့ကတော့ ဥရောပချန်ပီယံများဖလား(သို့)ချန်ပီယံလိဂ်ဖလားဗိုလ်လုပွဲကို ပထမဆုံး ကစားဖူး တဲ့ အာရှတိုက်သား ကစားသမားဖြစ်ခဲ့ပေမယ့် ဥရောပအဆင့် ပြိုင်ပွဲတွေမှာ ဗိုလ်လုပွဲကို ပထမဆုံး ကစားဖူးတဲ့ ကစားသမားတော့ မဟုတ်ပါဘူး။

ပတ်ဂျီဆန်ရဲ့ရှေ့မှာ တောင်ကိုရီးယားနိုင်ငံသား ကွန်ချမ်ဘန်းဟာာ ၁၉၇၉-၈၀ ဘောလုံးရာသီတုန်းက ဂျာမနီ ကလပ် ဖရန့်ဖတ်အသင်းနဲ့ UEFA CUP ဗိုလ်လုပွဲ ကစားပြီး အာရှတိုက်သားတွေထဲမှာ ပထမဆုံး ဥရောပအဆင့် ပြိုင်ပွဲတစ်ပွဲရဲ့ ဗိုလ်လုပွဲကို ကစားခဲ့သူ ဖြစ်တဲ့အကြောင်း UEFA.com ရဲ့ မှတ်တမ်းများအရ သိရပါတယ်။

အဲ့နောက် ကွန်ချမ်ဘန်းဟာ အဆိုပါ၁၉၇၉-၈၀ ခုနှစ်မှာပဲ ဖရန့်ဖတ်အသင်းနဲ့ UEFA CUPကို ရရှိခဲ့ပြီး ဘိုင်ယန် လေဗာကူဆင်အသင်းနဲ့လည်း ၁၉၈၇-၈၈ ခုနှစ်မှာ UEFA CUPကို ဒုတိယအကြိမ် ထပ်မံ ဆွတ်ခူးနိုင်ခဲ့ပြန်ပါ တယ်။

အဆိုပါ ကွန်ချမ်ဘန်းပြီးရင် ဒုတိယမြောက် ဥရောပအဆင့် ပြိုင်ပွဲမှာ အောင်မြင်မှု ရယူထားတဲ့ ကစားသမားက တော့ ဂျပန် ကစားသမားဟောင်း ရှင်ဂျီအူနိုဖြစ်ပြီး ဖီရင်နုအသင်းနဲ့ ၂၀၀၁-၀၂ ခုနှစ်မှာ UEFA CUPကို ဆွတ်ခူးထားနိုင်တာ ဖြစ်ပါတယ်။

အဲ့နောက် တတိယမြောက်ကစားသမားကတော့ တောင်ကိုရီးယား ကစားသမားတစ်ဦးပင်ဖြစ်တဲ့ ဂျင်ကင်ဒေါင် စာလည်း ၂၀၀၈ ခုနှစ်အရောက်မှာ ရုရှားကလပ် ဇင်းနစ်အသင်းနဲ့ ယူအီးအက်ဖ်အေဖလားပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ အဆိုပါနှစ်မှာပဲ ယူအီးအက်ဖ်အေ စူပါဖလားကိုပါ ထပ်မံရရှိခဲ့ပါသေးတယ်။

ယူအီးအက်ဖ်အေဖလားကတော့ အခုလက်ရှိမှာ ယူရိုပါလိဂ်အမည်ဖြင့် ကျင်းပနေတဲ့ ပြိုင်ပွဲဖြစ်တာကြောင့် သူတို့ ၃ ဦးစလုံးဟာ ချန်ပီယံလိဂ် ဆုဖလားကို တစ်ဦးမျှ ပိုင်ဆိုင်ထားနိုင်ခြင်း မရှိတာကြောင့် ပတ်ဂျီဆန် လက်လွှတ်ခဲ့ရတဲ့ ကိုယ်တိုင် ပါဝင်ကစားပြီး ချန်ပီယံလိဂ် ဆုဖလားကို ကိုယ်တိုင် ကိုင်မြှောက်ခွင့်ကို ဆွန်ဟောင်မင်က အရယူနိုင်ပြီး အာရှသား အဖြစ် ချန်ပီယံလိဂ် ဆုဖလားကို ကိုယ်တိုင် ပါဝင်ကစားပြီး ကိုယ်တိုင် ကိုင်မြှောက်နိုင်မယ့် ပထမဆုံး အာရှကစားသမာ းဖြစ်လာမလားဆိုတာကတော့ ……..။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က