အုပ်စုပွဲစဉ်တွေအတွက်တော့ အင်္ဂလန်ဒိုင်၂ ဦးတာဝန်ပေးခြင်းခံခဲ့ရပါတယ်။

အင်္ဂလန်ဒိုင်တွေ VAR စနစ်ကို လုံးဝမသုံးဖူးတာ မဟုတ်ပေမယ့် အတွေ့အကြုံအားနည်းလို့ ရှုံးထွက်အဆင့် ပွဲတွေမှာ အသုံးမပြုတော့တာ ဖြစ်တယ်လို့ သိရပါတယ်။

လာမယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်တွေကိုတော့ အင်္ဂလန်ဒိုင်တွေ တာဝန်ယူကိုင်တွယ်ခွင့်မရှိတော့ဘူး လို့ Daily Mail ကဖော်ပြပါတယ်။ မိုက်ကယ်အိုလီဗာနဲ့အန်တိုနီတေလာတို့ နှစ်ဦးကတော့ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့်ပွဲစဉ်တွေမှာ ပါဝင်ခဲ့ ပေမယ့် ၁၆ သင်းအဆင့်ကနေ စတင်ပြီး တာဝန်ပေးအပ်ခြင်း မခံရတော့ပါဘူး။ လာမယ့် ကွာတားဖိုင်နယ်ပွဲစဉ်တွေမှာလည်း ပြန်လည်ပါဝင်တော့မှာ မဟုတ်သလို ရှေ့ဆက်မြင့်တက်လာမယ့်ပွဲတွေမှာလည်း မြင်ရတော့မှာ မဟုတ်ပါဘူး။

အကြောင်းကတော့ အင်္ဂလန်ပရီးမီးယားလိဂ်မှာ VAR စနစ်ကို အသုံးပြုခြင်းမရှိပဲ ချန်ပီယံလိဂ်ပြိုင်ပွဲကတော့ VAR စနစ်ကို ၁၆ သင်းအဆင့်ကနေ စတင်ကျင့်သုံးနေတာ ဖြစ်ပါတယ်။ ဒီနှစ် ချန်ပီယံလိဂ် အုပ်စုတွင်းပွဲစဉ်တွေကို တာဝန်ယူကိုင်တွယ်ခွင့်ရခဲ့တဲ့ မိုက်ကယ်အိုလီဗာနဲ့ အန်တိုနီတေလာ တို့ကတော့ VAR စနစ်ကို ပြည်တွင်းရှုံးထွက်ဖလားပြိုင်ပွဲတွေမှာ လေးကြိမ်စီလောက် အတွေ့အကြုံရှိထား သူတွေ ဖြစ်တယ်လို့ Daily Mail ရဲ့ ဖော်ပြချက်အရသိရပါတယ်။



ဒါပေမယ့်လည်း ချန်ပီယံလိဂ် ပြိုင်ပွဲမှာ အတွေ့အကြုံမြင့် ဒိုင်လူကြီးတွေကိုသာ အသုံးပြုလိုတာကြောင့် VAR စနစ်ကို ကျွမ်းကျွမ်းကျင်ကျင်အသုံးမပြုနိုင်တဲ့ အင်္ဂလန်ဒိုင်တွေကို အသုံးမပြုတော့ခြင်းဖြစ်တယ်လို့ ယူအီးအက်ဖ်အေ တာဝန်ရှိသူတစ်ဦးက ပြောထားပါတယ်။

“ချန်ပီယံလိဂ် ၁၆သင်းအဆင့်နဲ့ ဗိုလ်လုပွဲတွေအတွက် VAR စနစ်နဲ့ အတွေ့အကြုံရင့်တဲ့ဒိုင်လူကြီးတွေကို အသုံးပြုသွားမှာပါ။” လို့ ယူအီးအက်ဖ်အေ တာဝန်ရှိသူတစ်ဦးကပြောခဲ့တယ်လို့ Daily Mail ကဖော်ပြပါ တယ်။

ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ၁၆သင်းအဆင့်ကိုတော့ မတူညီတဲ့ နိုင်ငံတွေက ဒိုင်လူကြီးတွေကို ရွေးချယ်ခန့်အပ်ခဲ့ပြီး ဟော်လန်၊စပိန်၊အီတလီ၊တူရကီ၊ဂျာမနီနဲ့ ဆလိုဗေးနီးယားတို့က ရွေးချယ်ခဲ့တယ်လို့သိရပါတယ်။

ဆလိုဗေးနီးယားမှာတော့ ပြည်တွင်းလိဂ်ပွဲစဥတွေကို VAR စနစ်မသုံးပေမယ့် အဆိုပါ တာဝန်ပေးခြင်းခံရတဲ့ ကွင်းလယ်ဒိုင် ဒါမီယာ ဆခိုမီနာကတော့ VARစနစ်အသုံးပြုနေတဲ့ ဆော်ဒီအာရေဗျမှာ တာဝန်ထမ်းဆောင်နေသူ ဖြစ်လို့ တာဝန်ပေးခြင်းခံရတာ ဖြစ်တယ်လို့လည်း ရှင်းလင်းထားပါတယ်။

ဒါ့အပြင် အဆိုပါ ဆခိုမီနာမှာ ကမ္ဘာ့ဖလားတုန်းကလည်း တာဝန်ယူ ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်တယ်လို့ ဆိုပါတယ်။ အခု ကစးနေတဲ့ ၁၆သင်းအဆင့် ဒုကျော့အတွက် ဒိုင်လူကြီးရွေးချယ်ရာမှာလည်း ဟော်လန်၊ ဂျာမနီ၊ဆလိုဗေးနီးယားနဲ့ တူရကီတို့က ဒိုင်တွေကို ရွေးထားတယ်လို့သိရပါတယ်။

အင်္ဂလန်ဒိုင်တွေကတော့ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားတုန်းကလည်း ရွေးချယ်ခြင်း မခံခဲ့ရပဲ အကြောင်းကတော့ VAR စနစ်ကို ပြည်တွင်း ပရီးမီးယားလိဂ်မှာ အသုံးမပြုတာကြောင့် ဖြစ်ပါတယ်။

ဒီနှစ်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွေထဲ ပေါ်တို၊ဂါလာတာစာရေး၊ ဘရုဂျက်၊မိုနာကိုနဲ့ အေဂျက်၊ အေအီးကေ အေသင်တို့ပွဲစဉ် ၃ ပွဲကို အင်္ဂလန်ဒိုင် အိုလီဗာ ကိုင်တွယ်ခွင့်ရခဲ့ပါတယ်။ တေလာကတော့ ရှော်ကေးနဲ့ လိုကိုမိုးတစ်၊ ဒေါ့မွန်နဲ့ အက်သလက်တီကိုမက်ဒရစ်၊ ရိုးမားနဲ့ ဗစ်တိုးရီးယား ပယ်လ်ဇန်တို့ပွဲတွေကို အသီးသီး တာဝန်ယူခဲ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က