၂၀၁၉-၂၀ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွေကို ဒီကနေ့မှာ စတင်ယှဉ်ပြိုင်ကစားကြဖို့ရှိနေတာလည်းဖြစ်ပါ တယ်။
ချဲလ်ဆီးအသင်းအနေနဲ့အဓိက,ကစားသမားအများစုဒဏ်ရာပြဿနာရှိနေခဲ့တဲ့အတွက် ချန်ပီယံလိဂ်ပွဲ စဉ်လူစာရင်းအတွက် အခက်အခဲအချို့ရှိနေခဲ့လို့ နည်းပြလမ်းပတ်ရဲ့အ တည်ပြုမှုကို Dailymail က ဖော်ပြလာပါတယ်။
ပြီးခဲ့တဲ့နွေရာသီကစားသမားအပြောင်းအရွှေ့ဈေးကွက်တွင် ကစားသမားသစ်ခေါ်ယူခွင့်ပိတ်ပင်ခံထား ရတဲ့ချဲလ်ဆီးအသင်းအနေနဲ့ လူငယ်ကစားသမားအများစုအသုံးပြုနေရချိန်တွင် အဓိက,ကစားသမား အများစုအခုလိုဒဏ်ရာပြဿနာရှိနေခဲ့တဲ့အတွက် အခက်အခဲများစွာရှိနေခဲ့တာပါ။
“ အဓိက,ကစားသမားအများစုဒဏ်ရာပြဿနာရှိနေသလို ကြံ့ခိုင်မှုပိုင်းလည်းလိုအပ်ချက်ရှိေ နပါတ ယ်။ အထူးသဖြင့် အော့ဒွိုင်းစ်၊ ကန်တီတို့မပါဝင်နိုင်သလို ပေါင်ခြံဒဏ်ရာအကင်းမသေသေးတဲ့ ရူဒီဂါ လည်း ပါဝင်နိုင်မှာမဟုတ်ပါဘူး။ လူငယ်အများစုကိုပဲ အခွင့်အရေးပေးရဖို့ရှိနေပါတယ် ” လို့ ချဲလ်ဆီး နည်းပြလမ်းပတ်က ဆိုပါတယ်။
လက်ရှိချဲလ်ဆီးအသင်းနောက်တန်းတွင် ရူဒီဂါ၊ အီမာဆန်တို့ဒဏ်ရာပြဿနာရှိနေခဲ့တဲ့အတွက်နည်း ပြ လမ်းပတ်အနေနဲ့ ဝုလ်ဗာဟမ်တန်နဲ့ပွဲစဉ်တွင်ခြေစွမ်းပြခဲ့တဲ့ တီမိုရီကို ပွဲထွက်ကစားသမားအဖြစ်အ သုံးပြုဖွယ်ရှိနေခဲ့တယ်လို့လည်း သတင်းဖော်ပြမှုတွေရှိနေပါတယ်။
ချဲလ်ဆီးအသင်းအနေနဲ့ အခုနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အုပ်စု(စ)တွင် စပိန်ကလပ်ဗလင်စီယာ၊ ပြင်သ စ်ကလပ်လိုင်လီ၊ နယ်သာလန်ကလပ်အေဂျက်ဇ်တို့နဲ့ တစ်အုပ်စုတည်းကျရောက်နေခဲ့ပြီး အဖွင့်ပွဲစဉ် အဖြစ် ဒီကနေ့တွင် ဗလင်စီယာအသင်းကို အိမ်ကွင်းမှာလက်ခံကစားရမှာလည်းဖြစ်ပါတယ်။