ပြီးခဲ့တဲ့ရာသီက ကွာတားမှာပြုတ်ခဲ့တာပါ။

မန်ချက်စတာစီးတီးအသင်းရဲ့ကွင်းလယ်ကစားသမား ဂန်ဒိုဂန်က ၎င်းရဲ့အသင်းဟာ ပိုမိုတိုးတက်လာပြီး ရင့်ကျက်တဲ့ခြေစွမ်းကို ရရှိနေပြီဖြစ်တာကြောင့် ယခုရာသီ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်နေပြီလို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။ မန်ချက်စတာစီးတီးအသင်းဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အဆင့်ကနေ လှည့်ပြန်ခဲ့ရတာဖြစ်ပါတယ်။


ilkay-gundogan.jpg

မန်ချက်စတာစီးတီးအသင်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်အမှတ်ပေးဖလားကို စံချိန်သစ်တွေ များစွာနဲ့ ဆွတ်ခူးနိိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ လီဗာပူးအသင်းကို မယှဉ်နိုင်ခဲ့ဘဲ ကွာတားဖိုင်နယ်အဆင့်ကနေ လှည့်ပြန်ခဲ့ရတာဖြစ်ပါတယ်။ မန်ချက်စတာစီးတီးအသင်းရဲ့ ရာသီအစ ၃ ပွဲမှာ ၇ မှတ်ရရှိအောင် ကူညီပေးနိုင်ခဲ့တဲ့ ဂန်ဒိုဂန်က မန်ချက်စတာစီးတီးအသင်းဟာ ဥရောပသရဖူအတွက် စိန်ခေါ်နိုင်စွမ်းရှိနေပြီလို့ ခံစားနေရတာဖြစ်ပါတယ်။

စပါးအသင်းကို အရှက်တကွဲရှုံးနိမ့်ပြီးနောက် ပရိသတ်တွေအံ့အားသင့်ခဲ့ရတဲ့ မော်ရင်ဟိုရဲ့လုပ်ရပ် 

"ကျွန်တော် မန်ချက်စတာစီးတီးအသင်းနဲ့ ချန်ပီယံလိဂ်၊ ဂျာမနီနဲ့ ကမ္ဘာ့ဖလား ကိုင်မြှောက်ဖို့ အိပ်မက်မက်နေပါတယ်"

"ပြီးခဲ့တဲ့ရာသီက မန်ချက်စတာမှာ ကျွန်တော်တို့ ချန်ပီယံလိဂ်အတွက် အဆင်သင့်ဖြစ်နေပြီဆိုတဲ့ ခံစားချက်ရခဲ့ပါတယ်။ အဲဒါက မလုံလောက်ခဲ့ပါဘူး။ အဲဒီခံစားချက်က ဒီနှစ်မှာလည်း ဘာမှပြောင်းလဲမသွားပါဘူး"

"ကျွန်တော်တို့ နည်းနည်းပိုပြီးတောင် ရင့်ကျက်လာတယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့အသင်းက ချန်ပီယံလိဂ်မှာချန်ပီယံဖြစ်လာဖို့ ပိုပြီးဖြစ်နိုင်ခြေရှိနေပါပြီ"လို့ ပြောကြားခဲ့ပါတယ်။

 

ဂန်ဒိုဂန်ဟာ မန်ချက်စတာစီးတီးအသင်းကို ၂၀၁၆ မှာ ဒေါ့မွန်အသင်းကနေ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ပထမဆုံးရာသီမှာ ဒူးဒဏ်ရာကြောင့် အနားယူခဲ့ရပြီး ၂၀၁၇ -၂၀၁၈ ရာသီမှ ပြန်ကစားနိုင်ခဲ့ပါတယ်။ အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျာမနီလက်ရွေးစင်ကွင်းလယ်ကစားသမား ဂန်ဒိုဂန်ဟာ ဒဏ်ရာရရှိနေချိန်မှာ ရရှိခဲ့တဲ့ အားပေးထောက်ခံမှုတွေကြောင့် အသင်းကို ကျေးဇူးတင်နေတာဖြစ်ပါတယ်။

 

"မန်ချက်စတာစီးတီးအသင်းမှာ ကစားရတာ ကျွန်တော် ပျော်ရွှင်နေပါတယ်။ ပုံမှန်အခြေအနေ ကောင်းမွန်စွာနဲ့ ပြန်လည်ရရှိနေပြီး အခု စိတ်ကျေနပ်နေပါတယ်"

"ခက်ခဲတဲ့ အခြေအနေမှာ အသင်းရဲ့ဦးဆောင်တွေက ကျွန်တော့်နောက်မှာ အမြဲရှိနေခဲ့ပါတယ်။ ကျွန်တော် အားပေးထောက်ခံမှုအပြည့်အဝရရှိခဲ့ပါတယ်။ အဲဒီလိုအရာမျိုးကို ကျွန်တော်လုံးဝမေ့မှာမဟုတ်ပါဘူး"လို့ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က