ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်မှာ စီအက်စ်ကေအေအသင်းကို အိမ်ကွင်းမှာ (၃)ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်အသင်းဟာ ဥရောပပွဲတွေမှာ အဆိုးဝါးဆုံး အိမ်ကွင်းရှုံးပွဲနဲ့ ရင်ဆိုင်လိုက်ရပြီ ဖြစ်ပါတယ်။ ရီးရဲလ်ဟာ စီအက်စ်ကေအေကို အုပ်စုအဆင့်မှာ အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စလုံး အရေးနိမ့်ခဲ့ရတာလည်း ဖြစ်ပါတယ်။
စီအက်စ်ကေအေအနေနဲ့ လက်ရှိချန်ပီယံအသင်းကို အိမ်ကွင်း၊အဝေးကွင်း နှစ်ကျော့စလုံး အုပ်စုအဆင့်မှာ အနိုင်ရရှိခဲ့တဲ့ စံချိန်ကို ရရှိခဲ့ပေမယ့်လည်း အုပ်စုနောက်ဆုံးမှာပဲ ရပ်တည်နိုင်ခဲ့ပါတယ်။ ရီးရဲလ်အသင်းဟာ ချန်ပီယံလိဂ်မှာ နောက်ဆုံးရှုံးပွဲအဖြစ် ၂၀၀၉-၂၀၁၀ ဘောလုံးရာသီက အေစီမီလန်အသင်းကို ၃-၂ နဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
၂-၀၀၈-၀၉ ဘောလုံးရာသီမှာလည်း ဂျူဗင်တပ်စ်ကို အိမ်ကွင်းမှာ ဝ-၂ နဲ့ အရေးနိမ့်ခဲ့တာက ရီးရဲလ်မက်ဒရစ်အတွက် ဆိုးဝါးတဲ့ ရှုံးနိမ့်မှု ဖြစ်ခဲ့ရတာပါ။ ဒါပေမယ့်လည်း စီအက်စ်ကေအေကို (၃)ဂိုးပြတ်နဲ့ အရေးနိမ့်ပြီးချိန်မှာတော့ ချန်ပီယံလိဂ်သမိုင်းမှာ ရီးရဲလ်အတွက် အဆိုးဝါးဆုံး အိမ်ကွင်းရှုံးပွဲအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။
ရီးရဲလ်အနေနဲ့ အုပ်စုပထမနဲ့ (၁၆)သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ပေမယ့်လည်း အခုလို အရှက်တကွဲအရေးနိမ့်ခဲ့မှုက အသင်းရဲ့ အနေအထားနဲ့ ပတ်သက်ပြီး စိုးရိမ်စရာ ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် အိမ်ကွင်းမှာ ရုရှားကလပ်ကို သွင်းဂိုးတစ်ဂိုးမှ မရခဲ့ပဲ ဂိုးပြတ်အရေးနိမ့်ခဲ့ရမှုှုဟာ ဆိုလာရီလက်ထက် အီဘာကို အရေးနိမ့်ခဲ့ပြီး ပိုမိုဆိုးဝါးတဲ့ ရလာဒ်ဖြစ်ခဲ့ပါတယ်။
စပိန်လာလီဂါပြိုင်ပွဲမှာ အီဘာအသင်းကို အဝေးကွင်းမှာ (၃-ဝ) ဂိုးနဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ ဆိုလာရီဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ စီအက်စ်ကေအေကို အိမ်ကွင်းမှာပဲ (၃-ဝ) နဲ့ အရေးနိမ့်ခဲ့ရတာက ပိုမိုဆိုးရွားနေခဲ့တာ ဖြစ်ပါတယ်။ ရာမို့စ်၊ ခရူးစ်၊ မိုဒရစ် အစရှိတဲ့ အဓိကကစားသမားတွေ မပါဝင်ဘူးဆိုပေမယ့် ပွဲထွက်လူစာရင်းအရတော့ စီအက်စ်ကေအေကို အနိုင်ကစားနိုင်တဲ့ အနေအထားမှာ ရှိပါရဲ့နဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့ရတာပါ။