ဒုတိယပိုင်းမှာ ၂ ဂိုးအထိ သွင်းယူပေးခဲ့သူပါ။

တော့တင်ဟမ်ဟော့စပါးကွင်းလယ်ကြယ်ပွင့် ဒယ်လီအလီဟာ အင်္ဂါနေ့ညက ချန်ပီယံလိဂ်စံချိန်တစ်ခုကို ချိုးဖျက်နိုင်ခဲ့တဲ့ အသင်းဖော်တိုက်စစ်မှူး ဟယ်ရီကိန်းကို အံ့အားသင့်စရာ ကစားသမားဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်း Sportskeeda က ဖော်ပြခဲ့ပါတယ်။

အင်္ဂလန်လက်ရွေးစင်ကြယ််ပွင့် ဟယ်ရီကိန်းဟာ အိုလံပီယာကော့စ််ကို ၂-၀ နဲ့ ရှုံးနိမ့်နေရာကနေ နောက််ကနေ လိုက်ကစားပြီး ၄-၂ နဲဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ၂ ဂိုးသွင်းယူပေးနိုင်ခဲ့သူဖြစ်ပြီး ချန်ပီယံလိဂ်ဂိုးသွင်းစံချိန်တစ်ခုကို ချိုးဖျက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဟယ်ရီကိန်းဟာ ချန်ပီီယံလိဂ်ပွဲစဉ် ၂၄ ပွဲသာ ကစားရသေးချိန်မှာ သွင်းဂိုး ၂၀ အထိ အမြန်ဆုံးသွင်းယူနိုင်ခဲ့တဲ့ ကစားသမားဖြစ်လာခဲ့ပြီဖြစ်ပြီး ဂျူဗင်တပ်ဂန္တဝင်တိုက်စစ်မှူး ဒယ်ပီယားရိုးထက် ၂ ပွဲ ပိုမိုလျင်မြန်နေခဲ့တာဖြစ်ပါတယ်။

ဒယ်လီအလီက အသင်းဖော်ဟယ်ရီကိန်းရဲ့ အားစိုက်ထုတ်မှုကို အံ့အားသင့်ခဲ့ခြင်းမရှိပေမယ့် အသက် ၂၆ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်ကြယ်ပွင့်ကို ချီးကျူးပြောဆိုခဲ့ပါတယ်။

“အဲဒါက အံ့အားသင့်စရာပါပဲ။ ကျွန်တော်တို့ အတူတူ နှစ်အနည်းငယ်ကြာ ကစားခဲ့တယ်ဆိုတာ အထင်အရှားပါပဲ။ သူက အံ့အားသင့်စရာကောင်းတဲ့သူပါ။ ထိပ်တန်းကစားသမားလည်းဖြစ်တဲ့အတွက် သူ ရနေတဲ့ ချီးကျူးဂုဏ်ပြုမှုတွေအားလုံးကို ရဖို့ ထိုက်တန်တဲ့သူပါ”

“သူ နောက်ထပ်စံချိန်တစ်ခုကို ချိုးဖျက်ခဲ့တာကို ကျွန်တော် အံ့အားမသင့်မိတော့ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းဟာ လာမယ့်စနေနေ့မှာ ဘုန်းမောက်အသင်းကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

Share

က္က