နည်းပြဂွါဒီယိုလာရဲ့အနာဂတ်ကို ချန်ပီယံလိဂ်က အဆုံးအဖြတ်ပေးဖို့ရှိနေခဲ့တာပါ။

ပရီးမီးယားလိဂ် ၂ကြိမ်ဆက်ရရှိထားခဲ့တဲ့ မန်စီးတီးအသင်းအနေနဲ့ ချန်ပီယံဆုကို လီဗာပူးအသင်းဆီ လွှဲပြောင်းရဖို့ ရာခိုင်နှုန်းအများစုသေချာနေခဲ့ပြီဖြစ်ပါတယ်။

မန်စီးတီးနည်းပြဂွါဒီယိုလာက အသင်းအနေနဲ့ အောင်မြင်မှုရရှိဖိို့အတွက်ဖိအားတွေရှိနေခဲ့သလို လက် ရှိရာသီအောင်မြင်မှုအတွက် ချန်ပီယံလိဂ်ဆုဖလားက အဆုံးအဖြတ်ပေးမှာဖြစ်တယ်လို့ ဝန်ခံပြော ဆိုမှု ကို dailymail ရဲ့ဖော်ပြချက်အရ သိရပါတယ်။

ပရီးမီးယားလိဂ်ချန်ပီယံဆုကို ၃ကြိမ်ဆက်တိုက်ရရှိနိုင်မယ့် အခွင့်အရေးရရှိခဲ့သော်လည်းရာသီအစက တည်းက ရှုံးပွဲမရှိရလဒ်ရယူထားနိုင်ခဲ့တဲ့ လီဗာပူးအသင်းရဲ့ခြေစွမ်းပြမှုများကြောင့် နည်းပြဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းအတွက် ချန်ပီယံလိဂ်ဆုဖလားက အမြင့်ဆုံးမျှော်လင့်ချက်တစ်ခုလည်းဖြစ်လာခဲ့တာ ပါ။



“ လက်ရှိရာသီရဲ့စွမ်းဆောင်မှုက လိုအပ်ချက်တွေရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီ က ပြည်တွင်းချန်ပီယံဆု တွေအားလုံးရခဲ့လို့ အောင်မြင်ခဲ့တယ်လို့ ဆိုခဲ့တာကို ဆက်ထိန်းဖို့အတွက် လက်ရှိရာသီမှာချန်ပီယံ လိဂ်ဆုဖလားရယူနိုင်ဖို့ လိုအပ်ပါတယ်။ ချန်ပီယံလိဂ်ဆုဖလားက အောင်မြင်မှုကိုအဆုံးအဖြတ်ပေး မှာ ပါ” လို့ မန်စီးတီးနည်းပြဂွါဒီယိုလာက ဆိုခဲ့တာပါ။

မန်စီးတီးအသင်းအနေနဲ့ လက်ရှိရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့မသေချာေ တာ့ ပေမယ့်ခါရာဘောင်းလိဂ်ဖလားမှာ ဗိုလ်လုပွဲအဆင့်အထိတက်ရောက်ထားနိုင်ခဲ့ပြီဖြစ်သလို အက်ဖ်ေ အ ဖလားပြိုင်ပွဲမှာလည်း ပဥ္စမအဆင့်ကိုတက်ရောက်ထားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။

နည်းပြဂွါဒီယိုလာအနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အောင်မြင်မှုရဖို့ အဓိကအာရုံစိုက်နေတယ်လို့ ရာသီ အစကတည်းက ထုတ်ဖော်ပြောဆိုခဲ့သလို ၁၆သင်းရှုံးထွက်အဆင့်ရောက်ရှိနေချိန်မှာတော့ စပိန်လာ လီဂါထိပ်သီးရီးရဲလ်အသင်းနဲ့ ရင်ဆိုင်ကစားရဖို့လည်း ရှိနေပါတယ်။

Share

က္က