အာဆင်နယ်က အဆင့်လေးနေရာနဲ့ ငါးမှတ်ကွာဟနေပါတယ်။

အာဆင်နယ်အတွက်လည်း ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့က ပရီးမီးယားလိဂ်ကနေတဆင့်သာ ရယူနိုင်မယ့် တစ်ခုတည်းသောနည်းလမ်းအဖြစ် ရှိနေပါတယ်။ 


ဒီရာသီပရီးမီးယားလိဂ်ကို ပြန်လည်စတင်ပြီးနောက် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့မယ်ဆိုရင် အာဆင်နယ်အသင်းသားတွေအနေနဲ့ လုပ်ခလစာလျှော့ချခံရမယ့် အရေးကနေ ကင်းလွတ်ခွင့်ပေးမယ်လို့ အသင်းက အသိပေးပြောဆိုထားကြောင်း Telegraph သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ 

အာဆင်နယ်ကတော့ ၂၀၁၆ ခုနှစ်ကစတင်ကာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက်ကစားခွင့်မရရှိခဲ့တဲ့ အသင်းဖြစ်ပြီး လက်ရှိဘောလုံးရာသီမှာလည်း ဝင်ခွင့်ရဖို့အတွက် ခက်ခက်ခဲခဲကြိုးစားရဦးမှာဖြစ်ပါတယ်။ အာဆင်နယ်အတွက်လည်း ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့က ပရီးမီးယားလိဂ်ကနေတဆင့်သာ ရယူနိုင်မယ့် တစ်ခုတည်းသောနည်းလမ်းအဖြစ် ရှိနေပါတယ်။ 

ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ဘောလုံးပွဲတွေရပ်ဆိုင်းထားခဲ့ရလို့ ဘောလုံးအသင်းတော်တော်များများရဲ့ ဘဏ္ဍာရေးထိခိုက်မှုတွေရှိခဲ့ပါတယ်။ ဒါကြောင့် အသင်းကစားသမားတွေနဲ့ ဝန်ထမ်းတွေကို လစာလျှော့ချနေကြတာဖြစ်ပြီး အာဆင်နယ်ကစားသမားတွေအနေနဲ့ လစာအပြည့်အဝရယူချင်တယ်ဆိုရင် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် ကြိုးစားရတော့မှာဖြစ်ပါတယ်။ 

လက်ရှိမှာ အာဆင်နယ်က အဆင့်လေးနေရာက ချယ်လ်ဆီးနဲ့ ငါးမှတ်ကွာဟနေတဲ့အနေအထားမှာရှိနေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း နောက်ထပ်မျှော်လင့်နိုင်စရာအဖြစ် မန်စီးတီးအသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ပိတ်ပင်ထားခဲ့တာကြောင့် အဆင့်ငါးရရှိမယ့်အသင်းက အစားထိုးဝင်ရောက်ကစားနိုင်ချေရှိနေတာဖြစ်ပြီး အာဆင်နယ်အတွက် အဆင့် ၄ နဲ့ ၅ ကို ရအောင်ယူနိုင်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။ 

ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ဟာ အာဆင်နယ်အသင်းအတွက်တော့ အသင်းရဲ့အဓိကကစားသမားတွေကို ထိန်းသိမ်းထားနိုင်ဖို့အတွက်ပါ အရေးပါနေတာဖြစ်ပါတယ်။ အသင်းတိုက်စစ်မှူးအော်ဘာမီယန်အနေနဲ့ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်မရရှိခဲ့ဘူးဆိုရင် အသင်းပြောင်းရွှေ့ဖို့ အကြောင်းပြချက်ရှိသွားမှာဖြစ်ပြီး သူကိယ်တိုင်ကလည်း ဥရောပရဲ့အဆင့်အမြင့်ဆုံးပြိုင်ပွဲကြီးမှာ ပါဝင်ကစားချင်နေတယ်လို့ သိရပါတယ်။ 

Share

Loading Next Article...
က္က