အသင်း ၃ သင်း အပြိုင်အဆိုင်ဖြစ်နေပါပြီ။

မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေအပြီးမှာတော့ ချန်ပီယံလိဂ်ဝင်ခွင့် လက်ကျန် ၂နေရာအတွက် အသင်းသုံးသင်းဟာ နောက်ဆုံးပွဲစဉ်အထိ အကြိတ်အနယ်ကစားရတော့မှာဖြစ်ပါတယ်။ ယူနိုက်တက်က အိမ်ကွင်းမှာ ဝက်စ်ဟမ်းကို သရေသာကစားနိုင်ခဲ့သလို ချယ်လ်ဆီးကလည်း အဝေးကွင်းမှာ လီဗာပူးလ်ကို အရေးနိမ့်ခဲ့တာကြောင့် နောက်ဆုံးပွဲစဉ်က အဆုံးအဖြတ်ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

ယူနိုက်တက်ဟာ အိမ်ကွင်းမှာ ကစားပုံဆိုးရွားခဲ့ပေမယ့် ဂရင်းဝုဒ်ရဲ့ ချေပဂိုးကြောင့် သရေတစ်မှတ်ရရှိခဲ့ပါတယ်။ ချယ်လ်ဆီးကတော့ အန်ဖီးလ်မှာ လီဗာပူးလ်ကို ၄-၁ ဆိုတဲ့အနေအထားကနေ ၄-၃ အထိ လိုက်ကစားနိုင်ခဲ့ပေမယ့် နောက်ထပ်တစ်ဂိုးသွငး်ယူခံရပြီးနောက် ပြန်မချေပနိုင်တော့ဘဲ ၅-၃ နဲ့ အရေးနိမ့်ခဲ့ကာ အဆင့် ၄နေရာကို ရောက်ရှိသွားခဲ့ပြီး ယူနိုက်တက်က ဂိုးကွာခြားချက်အသာနဲ့ အဆင့် ၃နေရာကို လုယူသွားခဲ့ပါတယ်။

၆၃ မှတ်စီရရှိထားတာဖြစ်ပြီးတော့ အဆင့်ငါးနေရာက လက်စတာက ၆၂ မှတ်ရရှိထားကာ လက်ကျန် ၂နေရာအတွက် အသင်းသုံးသင်းက အပြိုင်ဖြစ်နေပါတယ်။ နောက်ဆုံးပွဲစဉ်အဖြစ် ချယ်လ်ဆီးက အိမ်ကွင်းမှာ ဝုလ်ဗ်၊ လက်စတာက အိမ်ကွင်းမှာ ယူနိုက်တက်ကို လက်ခံကစားရမှာဖြစ်ပြီး အမှားခံလို့မရတော့တဲ့ အနေအထားကို ရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။ 

ယူနိုက်တက်နဲ့ ချယ်လ်ဆီးတို့ဟာ သရေတစ်မှတ်စီရရုံနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကို ရယူနိုင်မှာဖြစ်ပါတယ်။ လက်စတာကတော့ ယူနိုက်တက်ကို မဖြစ်မနေအနိုင်ကစားဖို့ လိုအပ်နေပြီဖြစ်ပြီး အဆိုပါပွဲက ဘယ်လိုရလဒ်ထွက်ထွက် သရေတစ်မှတ်ရတာနဲ့ ချယ်လ်ဆီးက ချန်ပီယံလိဂ်ဝင်ခွင့်ရရှိတော့မှာပါ။ ဒါပေမယ့် ချယ်လ်ဆီးက ဝုလ်ဗ်ကို အရေးနိမ့်လို့မရတဲ့အနေအထားမှာ ရှိနေပါတယ်။

တကယ်လို့ ချယ်လ်ဆီးက ရှုံးခဲ့ပြီး လက်စတာက ယူနိုက်တက်ကို နိုင်ခဲ့မယ်ဆိုရင် လက်စတာနဲ့ ယူနိုက်တက်က ဝင်ခွင့်ရရှိသွားမှာပါ။ ချယ်လ်ဆီးဟာ ယူနိုက်တက်နဲ့ ဂိုးကွာဟချက် တော်တော်လေးများပြားနေသလို ထိပ်တိုက်တွေ့ဆုံမှုရလဒ်ကလည်း အသာစီးရရှိထားတာ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ဝုလ်ဗ်က ယူရိုပါလိဂ်ဝင်ခွင့်ရဖို့အတွက် အရေးကြီးနေပြီး ချယ်လ်ဆီးကို သူတို့ကအရေးနိမ့်ကာ စပါးကအနိုင်ရခဲ့မယ်ဆိုရင် အဆင့် ၆နေရာကို ဖယ်ပေးရမှာလည်းဖြစ်ပါတယ်။ 

ဒါကြောင့် ပရီးမီးယားလိဂ်ပွဲစဉ် ၃၈ ကတော့ ရင်ခုန်စရာတွေကို ပေးစွမ်းဖို့က သေချာနေပြီဖြစ်ပါတယ်။ ချန်ပီယံလိဝင်ခွင့် ၂နေရာအတွက် အသင်း ၃သင်း၊ ယူရိုပါလိဂ်ဝင်ခွင့်နေရာအတွက် ဝုလ်ဗ်နဲ့ စပါးတို့ အကြိတ်အနယ်ဖြစ်နေကာ ဘယ်လိုရလဒ်တွေထွက်ပေါ်ပြီး ဘယ်အသင်းက သူတို့ရဲ့ရည်မှန်းချက်ကို ရယူသွားမလဲဆိုတာကို စောင့်ကြည့်ရတော့မှာပါ။ 

Share

Loading Next Article...
က္က