လာလီဂါထိပ်သီးအသင်းကြီးက စိတ်ဝင်စားနေတာပါ။

ဘာစီလိုနာအသင်းဟာ အာဆင်နယ်အသင်းအနေနဲ့ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်မရရှိခဲ့ဘူးဆိုရင် ကြယ်ပွင့်တိုက်စစ်မှူး အော်ဘာမီယန်းကို နူးကမ့်ကို ခေါ်ယူနိုင်မယ့်အခွင့်အရေးရှိလာလိမ့်မယ်လို့ ယုံကြည်နေကြောင်း Metro ရဲ့သတင်းအရ သိရပါတယ်။

ဂါဘွန်လက်ရွေးစင်တိုက်စစ်မှူး အော်ဘာမီယန်းဟာ ယခုရာသီမှာ အာဆင်နယ်အသင်းအတွက် နောက်ထပ်တစ်ကြိမ် ကြောက်မက်ဖွယ် ဂိုးသွင်းစွမ်းရည်ကို ပြသနိုင်ခဲ့သူဖြစ်ပြီး ပရီးမီးယားလိဂ်ပွဲစဉ် ၁၁ ပွဲပါဝင်ကစားပေးခဲ့ရာမှာ ၈ ဂိုးအထိ သွင်းယူထားနုုိင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာဆင်နယ်အသင်းဟာ အသင်းခေါင်းဆောင်သစ်ဖြစ်လာတဲ့ အော်ဘာမီယန်းကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့အတွက် ရုန်းကန်နေရဆဲဲဖြစ်ပြီး လက်ရှိချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းဟာ ၁၈ လသာ ကျန်ရှိတော့တာဖြစ်ပါတယ်။

အော်ဘာမီယန်းနဲ့ အာဆင်နယ်တို့ ချုပ်ဆိုထားတဲ့စာချုပ်သက်တမ်း ၁၈ လသာ ကျန်ရှိတော့တာဟာ ဘာစီလိုနာအသင်းအတွက် တံခါးဖွင့်ပေးထားသလိုဖြစ်နေပြီး El Chiringuito ရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ လူးဝစ္စဆွာရက်ဇ်ရဲ့နေရာမှာ အော်ဘာမီယန်းနဲ့ အစားထိုးချင်နေတယ်လို့သိရပါတယ်။



အော်ဘာမီယန်းရဲ့ လက်ရှိစာချုပ်အခြေအနေအရ ဘာစီလိုနာအသင်းက အော်ဘာမီယန်းအတွက် ငွေကြေးအမြောက်အမြားသုံးစွဲစရာမလိုဘူးလို့ ယုံကြည်နေပြီး အာဆင်နယ်အသင်းအနေနဲ့ အော်ဘာမီယန်းကို စာချုပ်သစ် မချုပ်ဆိုနိုင်ခဲ့ရင် ၂၀၂၁ ခုနှစ်နွေရာသီမှာ အလွတ်နဲ့ ထွက်ခွာခွင့်ပြုရမှာဖြစ်ပါတယ်။

အော်ဘာမီယန်းရဲ့ စာချုပ်ထဲမှာလည်း ယခုရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် မအောင်မြင်ခဲ့ရင် အသင်းကနေ ထွက်ခွာခွင့်ပြုသွားမယ်ဆိုတဲ့အချက် ပါဝင်နေတယ်လို့ ပြောဆိုမှုတွေရှိနေပြီး ယင်းကိစ္စ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အာဆင်နယ်အသင်းတာဝန်ရှိသူတွေက စာချုပ်သက်တမ်းကုန်ဆုံးတဲ့အထိ နေခွင့်ပြုသွားမှာမဟုတ်ဘူးလို့ သိရပါတယ်။

တကယ်လို့ အော်ဘာမီယန်းနဲ့ လာကာဇက်တို့ဟာ နွေရာသီမတိုင်မီ စာချုပ်သစ်ချုပ်ဆိုဖို့ သဘောမတူညီခဲ့ဘူးဆိုရင် အာဆင်နယ်အသင်းဟာ ရောင်းထုတ်သွားဖို့ စဉ်းစားသွားမယ်လို့ သိရပါတယ်။

Share

က္က