ဘန်တီကီအနေနဲ့ ပဲလေ့စ်အတွက် ၂နှစ်အတွင်း သွင်းဂိုး ၁၉ဂိုးရယူပေးထားနိုင်ခဲ့ပါတယ်။

ဘယ်လ်ဂျီယံတိုက်စစ်မှူးအနေနဲ့ လီဗာပူးအသင်းအတွက် ၂၀၁၅-၁၆ ဘောလုံးရာသီတစ်ရာသီတည်းသာကိုယ် စားပြုခွင့်ရရှိခဲ့တာလည်းဖြစ်ပါတယ်။

ခရစ္စတယ်ပဲလေ့စ်အသင်းတိုက်စစ်မှူးဘန်တီကီက လီဗာပူးအသင်းတွင်ရှိစဉ်ကအခြေအနေတွေကို ပြန်လည်အ မှတ်ရမိသလို နည်းပြဂျာဂင်ကလော့ပ်ရဲ့ အခွင့်အရေးပေးခြင်းမခံရတဲ့ အခြေအနေတွေကလည်း တကယ်ကိုစိတ် ပျက်စရာကောင်းလွန်ခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုမှုကို dailymail ကဖော်ပြလာပါတယ်။

ဘန်တီကီဟာ ၂၀၁၅ခုနှစ်တွင် အက်စတွန်ဗီလာအသင်းမှတဆင့် လီဗာပူးအသင်းဆီရောက်ရှိလာခဲ့သူဖြစ်ပြီး န ည်းပြဟောင်းဘရန်ဒန်ရော်ဂျာစိတ်ကြိုက်ကစားသမားတစ်ဦးဖြစ်ခဲ့သော် လည်း နည်းပြအပြောင်းအလဲဖြစ်ခဲ့တဲ့ အတွက် ရာသီကုန်တွင် အသင်းပြန်ပြောင်းခဲ့သူလည်းဖြစ်ပါတယ်။



“ လီဗာပူးအသင်းကို ရောက်ခါစမှာ တော်တော်လေးကိုအဆင်ပြေပါတယ်။ နည်းပြရော်ဂျာရဲ့အခွင့်အရေးပေးမှုတွေနဲ့အတူ ယုံကြည်မှုအကောင်းဆုံးရှိခဲ့တယ်။ ဒါပေမဲ့ အပြောင်းအ လဲဖြစ် ခဲ့ပြီး နည်းပြကလော့ပ်ရောက်လာတဲ့ အချိန်မှာတော့ အဆင်မပြေမှုတွေရှိလာပါတယ်။ ပွဲထွက်ခွင့်နေရာအတွက် အားစိုက်ကစားခဲ့ပေမယ့် ရာသီကုန် မှာတော့ လမ်းခွဲဖို့ဖြစ်လာခဲ့ပါတယ်။ လီဗာပူးမှာတောက်ပဖို့ အခွင့်အလမ်းရှိခဲ့ပေမယ့် နည်းပြကလော့ပ်ရဲ့အခွင့် အရေးပေးမှုကို မရခဲ့ပါဘူး ” လို့ ဘန်တီကီက ထုတ်ဖော်ပြောဆိုလိုက်တာပါ။

လက်ရှိမှာ ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့တိုက်စစ်မှူးအဖြစ်ရှိနေခဲ့တဲ့ ဘန်တီကီဟာ ပြီးခဲ့တဲ့ရာသီတုန်းကဒဏ်ရာ ပြဿနာတွေနဲ့အတူ ကြံ့ခိုင်မှုပိုင်းလိုအပ်ချက်တွေကြောင့် အခက်အခဲတွေနဲ့ရင်ဆိုင်ခဲ့ရတဲ့အပြင် လက်ရှိအချိန် မှာလည်း ပုံမှန်ခြေစွမ်းပြန်ရရန်ရုန်းကန်နေရသူလည်းဖြစ်ပါတယ်။

လီဗာပူးနည်းပြဂျာဂင်ကလော့ပ်ဟာ ဘန်တီတီကို ခရစ္စတယ်ပဲလေ့စ်အသင်းဆီ ပေါင် ၃၂သန်းနဲ့ရောင်းချခဲ့ပြီး တဲ့နောက် လက်ရှိအသင်းတိုက်စစ်ကို ဦးဆောင်နေတဲ့ မာနေးလ်၊ ဆာလက်ဒ်၊ ဖာမီနိုတို့ကို ခေါ်ယူခဲ့တာလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က