ချန်ပီယံလိဂ်ဆုဖလားရရှိအောင် အကောင်းဆုံးစွမ်းဆောင်ပေးထားနိုင်ခဲ့တဲ့ နည်းပြကလော့ပ်အနေနဲ့ လီဗာပူးအသင်းကနေ ထွက်ခွာဖြစ်ခဲ့ပါက နည်းပြဘဝကအနားယူမယ်လို့ပြော ထားခဲ့သူပါ။
လီဗာပူးအသင်းရဲ့နည်းပြဂျာဂင်ကလော့ပ်ဟာ ဂျာမနီလက်ရွေးစင်အသင်းရဲ့စိတ်ဝင်စားခြင်းကိုခံနေရ တယ်လို့သတင်းထွက်ပေါ်မှုတွေရှိလာခဲ့ပြီးတဲ့နောက် စာချုပ်သက်တမ်းမကုန်ဆုံးမီ ပရီးမီးယားလိဂ်က နေထွက်ခွာဖို့ရှိလာနိုင်တယ်လို့ Dailymail က သုံးသပ်ဖော်ပြလာပါတယ်။
ဒေါ့မွန်အသင်းကနေထွက်ခွာခဲ့ပြီးတဲ့နောက် လီဗာပူးအသင်းကို တာဝန်ယူကိုင်တွယ်နေဆဲဖြစ်တဲ့ ၄နှ စ် တာအချိန်ကာလအတွင်း ချန်ပီယံလိဂ်ဆုဖလားကို ရယူပေးနိုင်ခဲ့တဲ့အပြင် ပရီးမီးယားလိဂ်လို့အမ ည် ပြောင်းလဲခဲ့ပြီးတဲ့နောက် ရရှိခဲ့ခြင်းမရှိတဲ့ အမှတ်ပေးချန်ပီယံဆုဖလားရယူနိုင်ဖို့အတွက်လ ည်းအ ကောင်းဆုံးစွမ်းဆောင်ပေးထားနိုင်ခဲ့သူပါ။
လက်ရှိသတင်းဖော်ပြမှုတွင် ယူရို ၂၀၂၀အပြီး နည်းပြဂျိုအာချင်လိုးနဲ့လမ်းခွဲဖြစ်ခဲ့ပါက အနာဂတ် ကာ လအတွက် ဂျာဂင်ကလော့ပ်နဲ့အစားထိုးဖို့ဆန္ဒရှိနေတာဖြစ်ပြီး အခုနှစ်ကုန်ပိုင်းတွင် ဆွေးနွေးညှိနှိုင်းမှု အချို့ပြုလုပ်ဖို့ရှိတယ်လို့ Mirror က အခိုင်အမာဖော်ပြထားခဲ့ပါတယ်။
နည်းပြဂျာဂင်ကလော့ပ်အနေနဲ့ လီဗာပူးအသင်းအတွက်ဆက်ရှိနေမယ်လို့ ပြောထားခဲ့သလို လက်ရှိ မှာ ၃နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုထားသူဖြစ်ပြီး ၂၀၂၂ အထိစာချုပ်ရှိနေခဲ့သူဖြစ်တဲ့အတွက် ဂျာမ နီဘောလုံးအဖွဲ့ချုပ်အနေနဲ့ စာချုပ်ပါလျော်ကြေးတစ်ရပ်ကို ပေးချေရဖို့ရှိနေတယ်လို့လည်းသိရပါတယ်။
ဖီဖာတစ်နှစ်တာအကောင်းဆုံးနည်းပြဆုရရှိထားတဲ့ ဂျာဂင်ကလော့ပ်ဟာ လီဗာပူးအသင်းက နည်း ပြ ဘဝရဲ့နောက်ဆုံးအသင်းဖြစ်တယ်လို့ ဝန်ခံထားပြီး အသင်းကနေထွက်ခွာဖြစ်ခဲ့ပါ က ဘောလုံးလောက, ကနေအနားယူမယ်လို့ ဆိုထားသူပါ။